သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

ရန်ကုန်၊ စက်တင်ဘာ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်သိန်းက အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးဝင်းမြင့်က စည်းရုံးရေးရာကိစ္စရပ်များကို တင်ပြဆွေးနွေးသည်။
ဆက်လက်၍ အမျိုးသမီးရေး ရာတာဝန်ခံ မြို့နယ်ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်မော်က သင်္ဃန်းကျွန်း မြို့နယ် အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို လာမည့် အောက်တိုဘာလအတွင်း ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ထားရှိမှု များကို အသေးစိတ်ရှင်းလင်းတင်ပြ သည်။
ထို့နောက် အစည်းအဝေးတက် ရောက်လာကြသည့် မြို့နယ်ကော် မတီဝင်များက စိတ်ပါဝင်စားစွာ အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်သိန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ အစည်း အဝေးသို့ ဥက္ကဋ္ဌ ဦးကြည်သိန်း၊ အတွင်းရေးမှူး ဦးဝင်းမြင့်၊ ဘဏ္ဍာရေးမှူးဒေါ်မြင့်မြင့်မော်နှင့် မြို့နယ် ကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ကြည်သိန်း(သင်္ဃန်းကျွန်း)