ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မြို့နယ်ဥက္ကဋ္ဌ ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး


ရန်ကုန်၊ စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင်အောင် (နယ်မြေတာဝန်ခံ) သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်း ရေးမှူး ဦးတင်ရှိန်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များအား တွေ့ဆုံ၍ ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိစည်းရုံး လှုပ်ရှားဆောင်ရွက်ထားမှု အခြေအနေများ၊ ရေးရာအလိုက်ဆောင် ရွက်ထားမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)