လယ်ဝေးမြို့နယ်တွင် ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၂၅

နေပြည်တော် လယ်ဝေးမြို့နယ် ဗဟို အမျိုးသမီးညီလာခံအကြိုအမျိုးသမီးနှီးနှော ဖလှယ်ပွဲအခမ်းအနားကို မြို့နယ်ပါတီရုံး ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားအစီအစဉ်အရ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံ အားအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင် သီဆိုကာဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည် ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း က အဖွင့်အမှာစကားပြောကြားခြင်း၊ နေပြည်တော်ခရိုင် ပါတီကော်မတီဝင် အမျိုးသမီးတာဝန်ခံမှ အမျိုးသမီးညီလာခံ အကြို နှီးနှောဖလှယ်ပွဲကျင်းပရခြင်း၏ရည် ရွယ်ချက်များအားရှင်းလင်းခြင်း၊ စာတမ်း များဖတ်ကြားခြင်းအစီအစဉ်များကို ဆက် လက်ဆောင်ရွက်သည်။

အစုအဖွဲ့လေးဖွဲ့မှ အမျိုးသမီးပါတီဝင် သစ်များစုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့်ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင် အမျိုးသမီးများကိုစဉ်ဆက်မပြတ်ပျိုးထောင် ပေးရေး၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီးများ ၏အခွင့်အရေးကို ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံနှင့်အညီအကောင်အထည်ဖော်ဆောင် ရွက်ပေးရေး၊ မြန်မာအမျိုးသမီးများနှင့် မြန်မာနိုင်ငံရေးအခန်း ကဏ္ဍမြှင့်တင်ရေး၊ အမျိုးသမီးများ၏ဘဝလုံခြုံမှုတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးဟူသော စာတမ်းလေးစောင်တို့ ကိုဖတ်ကြားခဲ့သည်။

ထို့နောက်မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်တင် နွယ်ဦးကနိဂုံးချုပ်အမှာ စကားပြောကြား ပြီးအခမ်းအနားကို”ပြည်ခိုင်ဖြိုးဟေ့” တေးသီချင်းသံပြိုင်သီဆို၍ မွန်းတည့် ၁၂ နာရီတွင် အခမ်းအနားပြီးမြောက် ခဲ့သည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာ တာဝန်ခံဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟို ကော်မတီဝင်ဒေါ်ခင်ရွှေမြင့်၊ ပြည်ထောင်စု နယ်မြေ အတွင်းရေးမှူးဦးဌေးဝင်းနှင့် ပြည်ထောင်စုနယ်မြေ ကော်မတီဝင်များ၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင် ဦးနှင့်ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်အမျိုးသမီးများနှင့် ရပ်ကွက်ကော် မတီဝင်များ စုစုပေါင်းအင်အား ၁၉ဝ ခန့် တက်ရောက်ခဲ့ကြသည်။

ပေါ်ဦး(နေပြည်တော်)