တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက ယုံကြည်စွာမဲပေးနိုင်ရေးဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ ၂၅

နိုဝင်ဘာ ၃ ရက်တွင် ကျင်းပ မည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် (USDP) ကိုယ်စားပြု တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်က ပြည်သူအများ ယုံကြည်စွာမဲပေးနိုင်ရေးအတွက် ယခုအခါ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

”မနေ့ညနေပိုင်းမှာ တာမွေ ကြီး က+ဂ ကို ညနေ ၄ နာရီ မိနစ်၂ဝခန့်မှစဆင်းပြီး တစ်အိမ်ဝင် တစ်အိမ်ထွက်လိုက်လံဂါရဝပြုနှုတ် ဆက်တယ်။ပြည်ခိုင်ဖြိုးသီချင်းများ နဲ့ လှုံ့ဆော်စည်းရုံးရင်း ယုံကြည်စွာ မဲပေးနိုင်ရေးဆောင်ရွက်ခဲ့တယ်။ပိုမိုတောက်ပသော အနာဂတ်ဆီသို့ အရောက်သွားနိုင်ရေး စဉ်းစားချိန် တန်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ညနေ ၆နာရီ မိနစ် ၅ဝခန့်မှာ ပြန်သိမ်းခဲ့တယ်”ဟု ၄င်းကပြော သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေ ဖြင့် ယခုလ ၃ ရက်မှစတင်၍ နိုဝင်ဘာ ၁ ရက်ထိ နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ မဲဆွယ် စည်းရုံးနိုင်မည်ဖြစ်သည်။

သစ်တော်