မြိတ်မြို့နယ် ၊ပြည်ခိုင်ဖြိုးပါတီက ဗုဒ္ဓဘာသာယဉ် ကျေးမှုဓမ္မစကူး သင်တန်းသူ/သား (၄၅၀)ကို အဟာရ တိုက်ကျွေးလှူဒါန်း

 

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကဦးဆောင်စီစဉ်မှုဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းသူ/သားများအဟာရတိုက်ကျွေးခြင်းကိုမြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမိုးမြင့်၊ အတွင်းရေးမှူး ဦးကိုကိုကြီး၊ ဘဏ္ဍာ​ရေးမှူး ဒေါ်နီလာမြင့်နှင့် ကော်မတီဝင်များ ၊ရပ်ကွက် ကျေးရွာအုပ်စု ပါတီစည်း/မှုးများနှင့်ပါတီဝင်များက ၂၀၁၇ ​စက်တင်ဘာလ(၁၇)ရက်နေ့လည်ပိုင်းတွင် မဇော- ပြင်ကြီးကျေးရွာ သာသနာ့အလင်းရောင် ကျောင်းတိုက်သို့ သွားရောက်ကျွေးမွေးလှူဒါန်းခြင်း တို့ကိုဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ သွားရောက်လှူဒါန်းခဲ့ရာတွင် မြိတ်မြို့နယ် မဇောပြင်ကြီးရွာ သာသနာ့အလင်းရောင်ကျောင်း တိုက်ဆရာတော် အရှင်ကဉ္စနသာရ မှဦးစီးဖွင့်လှစ် သင်ကြားပေးလျက်ရှိသော ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓမ္မစကူးသင်တန်းတွင် တက်ရောက်သင်ကြားနေ သည့် ယဉ်ကျေးမှုစာသင်မင်္ဂလာပါမောင်မယ် ကျောင်းသား/ကျောင်းသူ ကလေးသူငယ် (၄၅၀) ခန့် တို့ကိုနေ့လည်စာ အစာဟာရအဖြစ် မုန်တီနှင့် အဖျော်ရည်တို့ တိုက်ကျွေးလှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Kyaw Linn