မိမိတို့မလိုချင်သောအခြေအနေတစ်ရပ်ကို မိမိတို့ ပြောင်းလဲခွင့်ရှိသည်ဟု မြင်းခြံမြို့တွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြော

 

မြင်းခြံ စက်တင်ဘာ ၂၂

မြင်းခြံမြို့၊အမှတ်​(၁၈)ရပ်​ကွက်​၊လူထုဟစ်​တိုင်​ကွင်းတွင်​ ယ​နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်(၈)နာရီခွဲအချိန်တွင် ကျင်းပ​သော ၂၀၁၈ခုနှစ်​ကြားဖြတ်​​ရွေး​ ကောက်​ပွဲ ​အောင်​နိုင်​​ရေးတွေ့ဆုံပွဲတွင် မိမိတို့မလိုချင်သောအခြေအနေတစ်ရပ်ကို မိမိတို့ ပြောင်းလဲခွင့်ရှိသည်ဟု ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး မှပြောကြားလိုက်ခြင်းဖြစ်သည်။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအား အ​လေးပြု၍ နိုင်​ငံ ​တော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​နောက်​ ၂၀၁၈ခုနှစ်​ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ပြည်​ခိုင်​ဖြိုးပါတီအား ကိုယ်​ စားပြု၍ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ မြင်းခြံမြို့နယ်​၊ပြည်​သူ့ လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ​ဒေါက်​တာသန်းဝင်းနှင့်​ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦစိုင်း ​အောင်​ကြည်​တို့၏ ကိုယ်​​ရေးအကျဉ်းများအား မြင်းခြံမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ​၊မြို့နယ်​ပါတီ​ကော်​မတီဝင်​တစ်ဦးမှ ဖတ်​ကြား​ပေးခဲ့သည်​။

ဆက်​လက်​၍ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးက နှုတ်​ခွန်းဆက်​အမှာစကား​ပြောကြားရာတွင် “မိမိမလိုချင်တဲ့အခြေအနေတစ်ရပ်ကို မိမိတို့ပြောင်းလဲခွင့်ရှိတယ်။ အဲ့ဒီပြောင်းလဲခြင်းဟာ ဒီရွေးကောက်ပွဲဖြစ်တယ်။ ဒီရွေးကောက်ပွဲမှာ ခင်ဗျားတို့မကြိုက်တာကို ဖယ်ချဖို့လိုအပ်ပြီးတော့ ကြိုက်တာကို ရွေးကောက်လိုက်ပါ” ဟုပြောဆိုလိုက်သည်။

“ဒီမိုကရေစီအနှစ်သာရအရ ကိုယ်ကြိုက်တာကိုလုပ်၊ ကိုယ်ကြိုက်တာကိုယ်ရွေး၊ ကိုယ်ရွေးတဲ့ရလဒ်ကို ကိုယ်ဘဲခံစားရမယ်။ ရွေးကောက်ပွဲဟာလည်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရမယ်။ ဒီမိုကရေစီရလာရင် လူတွေအလိုလိုချမ်းသာမယ်။ ဒိမိုကရေစီအစိုးရစစ်ဖြစ်ရင် နိုင်ငံခြားက နိုင်ငံတွေက ပိုက်ဆံတွေဒလဟောနဲ့ဝင်လာလိမ့်မယ်။ အလုပ်အကိုင်အရမ်းများလာပြီးတော့ နိုင်ငံခြားသွားလုပ်တဲ့သူတွေ ပြန်လာရတော့မယ်။လူတွေလိုချင်နေတဲ့ လျှပ်စစ်မီးတွေအလိုလိုဖြစ်လာလိမ့်မယ်။ ဒီလိုပြောခဲ့တယ်။ ဒီနေ့အချိန်မှာ မရမှန်းသိတော့ ခင်ဗျားတို့ပါမှရမယ်လို့ ပြည်သူကိုပြောတယ်။နောက် တစ်ချက်က စုပေါင်းအား စုပေါင်းအားဆိုတာ ပြည်သူတွေကို ဝိုင်းလုပ်ပါလို့ ပြောတာ အရင်ကပြောခဲ့သလို ဒီမိုကရေစီရရင် အားလုံးကောင်းသွားမယ်ဆိုတာ မှန်သလား” ဟု ယင်းလူထုအစည်းအဝေးတွင် မေးခွန်းထုတ် ပြောကြားလိုက်သည်။

၎င်းနောက် ပြည်​ခိုင်​ဖြိုးပါတီ အ​ထွေ​ထွေအတွင်း​ရေးမှူးဦးသက်​နိုင်​ဝင်းက နှုတ်​ခွန်းဆက်​အမှာစကား ဆက်​လက်​​ပြောကြား​ခဲ့သည်​။

ထို့​နောက်​ ပါတီကိုယ်​စားပြုဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ လွှတ်​ ​တော်​ကိုယ်​စားလှယ်​​လောင်းများဖြစ်​ကြသည့်​ ​ဒေါက်​တာ သန်းဝင်းနှင့်​ဦးစိုင်း​အောင်​ကြည်​တို့မှ မိတ်​ဆက်​စကား ​ပြောကြားခဲ့ကာ အခမ်းအနားအား ​ကြွေး​ကြော်​သံများဖြင့်​ ​အောင်​မြင်​စွာရုပ်​သိမ်းခဲ့သည်​။

ယ​နေ့ကျင်းပ​သော အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူးဦး သက်​နိုင်​ဝင်း၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော မန္တ​လေးတိုင်း​ဒေသကြီးနယ်​ ​မြေတာဝန်​ခံဦးဝဏ္ဏ​မောင်​လွင်​၊မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်း​မောင်​၊တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူးဦး​အောင်​​ကျော်​မိုး၊တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊မြင်းခြံခရိုင်​ပါတီဥက္ကဋ္ဌဦးကျာ်​တင်​နှင်​ခရိုင်​ပါတီ​ကော်​ တီဝင်​များ၊မြင်းခြံမြို့နယ်​ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း​ဒေါက်​တာသန်းဝင်း၊ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးစိုင်း​အောင်​ကြည်​၊မြင်းခြံမြို့နယ်​ပါတီဥက္ကဌဦး​ဝေမျိုးဟန်​နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ပါတီဝင်​များနှင့်​ပါတီကို ​ထောက်​ခံအား​ပေး​သောပြည်​သူများ အပါအဝင်​ စုစု​ပေါင်း (၃၅၀၀)ဦးခန့်​ တက်​​ရောက်​အား​ပေးခဲ့​ကြသည်​။