ဇမ္ဗူသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် ဇမ္ဗူသီရိမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၃ဝ) ရက် နံနက် (၉) နာရီက ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက် တော်ဝင်ရတနာ လမ်း မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ ပါတီပြန်လည်ပြင် ဆင်ရေးအဖွဲ့ အဖွဲ့(၂)တာဝန်ခံ ဦးဇင်ယော်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်ထောင်စု နယ်မြေ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်း နှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင်ကော်မတီဝင် (ဇမ္ဗူသီရိမြို့နယ်) တာဝန်ခံ ဒေါ်မြဖြူမာ ဝင်းနှင့်ကော်မတီဝင်များ၊ ဇမ္ဗူသီရိမြို့နယ် အတွင်းရေးမှူးဦးဝင်းဌေးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ဦးဌေးဝင်း၊ သဘာပတိအဖွဲ့ဝင်များအဖြစ် ဒေါ်သီတာထွေးနှင့် ဒေါ်ရီရီဝင်းတို့က ဆောင်ရွက်ကြပြီး သဘာပတိ ဦးဌေးဝင်း က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာအား မြို့နယ်တွဲဖက်အတွင်းရေးမှူး ဦးထင်လင်းအောင်မှ လည်း ကောင်း၊ အစုအဖွဲ့စာတမ်းများကို ပါတီကေဒါ ဦးမောင်မောင်ထွန်းဝင်း နှင့် ဒေါ်ခင်ခင်လှ တို့က လည်းကောင်းဖတ်ကြားပြီး ပြည်ထောင်စုနယ်မြေ ပါတီပြန်လည်ပြင်ဆင်ရေးအဖွဲ့ အဖွဲ့ (၂) တာဝန်ခံ ဦးဇင်ယော်က ရွေးချယ် ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပြီး ရွေးချယ် တင်မြှောက်ခံရသည့် မြို့နယ်ကော်မတီဝင် (၉) ဦးနှင့် အရန်မြို့နယ် ကော်မတီဝင်ရှစ်ဦးတို့၏ အမည်စာရင်းကို ကြေညာခဲ့သည်။

ထို့နောက် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဇမ္ဗူသီရိမြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး နှင့် ကော်မတီဝင်ခြောက်ဦး၊ အရန်မြို့နယ်ပါတီကော်မတီဝင် ရှစ်ဦးတို့မှ သဘာပတိ ရှေ့မှောက်တွင် ကတိသစ္စာခံယူကြပြီး ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့သည်။

ဟိန်းအောင်


Leave a Reply