ကြည့်မြင်တိုင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်

 

ရန်ကုန် ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း အောက်ရုံရပ်ကွက် လုပ်သားပြည်သူများအား ယနေ့နံနက် ၁ဝ နာရီက အောက်ရုံရပ်ကွက် ဖွံ့ဖြိုးရေးဆေးခန်းတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးကုသပေး ခဲ့ကြောင်း သိရသည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဒေါက်တာစိုးမင်းခေါင်းဆောင်သည့် ရန်ကုန်အနောက်ပိုင်းခရိုင် ဖြိုးစေတနာနယ်လှည့်အခမဲ့ဆေးကုသရေးအဖွဲ့ဝင်များ၊ ရန်ကုန် အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်အိအိလှိုင်၊ ကော်မတီဝင်ဒေါ်စန်း စန်းဝင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်ဝင်းအောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်များမှ ကူညီဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူ ၁၅ဝ ခန့်အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN)