ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးရေးရာညီလာခံကြိုဆို ဘိုးဘွားများအား တစ်နေ့တာ စားသောက်ဖွယ်ရာများကျွေးမွေးလှူဒါန်း

 

မကွေး စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး ချောက် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုး သမီးညီလာခံအကြို အထိမ်း အမှတ်အဖြစ် ချောက်မြို့ ရတနာ အိုင့်ရပ် ဇေယျာသီရိဘိုးဘွား ရိပ်သာရှိဘိုးဘွားများအား တစ်နေ့ တာ ထမင်းဟင်းနှင့်အချိုပွဲများ လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁ဝနာရီ က ဇေယျာသီရိဘိုးဘွားရိပ်သာ တွင်ကျင်းပကြောင်း သိရသည်။

အဆိုပါ တစ်နေ့တာ စား သောက်ဖွယ်ရာများ လှူပွဲသို့ မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊ အတွင်းရေးမှူးဦးသန်းလှိုင်၊လူငယ် ရေးရာတာဝန်ခံအမျိုးသမီးရေးရာ တာဝန်ခံများနှင့် မြို့နယ်ကော်မတီ ဝင်များ ရပ်ကွက်/ကျေးရွာဥက္ကဋ္ဌ များ သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)