ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြု အမျိုးသမီးထု စုပေါင်းလုပ်အားပေး

 

စက်တင်ဘာ ၁၆

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး ညီလာခံကိုဂုဏ်ပြုကြိုဆိုသောအား ဖြင့် ရန်ကင်းမြို့နယ် အမျိုးသမီး ထုမှ စုပေါင်းလုပ်အားပေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင်ရန်ကင်းမြို့နယ် (၈)ရပ်ကွက်ရှိ အမက(၅)စာသင် ကျောင်းတွင် စုပေါင်းသန့်ရှင်း လုပ်အားပေးပြုလုပ်သည်။

အဆိုပါလုပ်အားပေးပွဲသို့ အရှေ့ပိုင်း ခရိုင်ပါတီဥက္ကဋ္ဌဦးစိန်မြင့်၊ ခရိုင်ကော်မတီ ဝင် ဒေါ်လဲ့လဲ့အေးနှင့် ခရိုင်ကော်မတီဝင် များ ခရိုင်မှ နယ်မြေတာဝန်ခံနှင့် မြို့နယ် ပါတီဥက္ကဋ္ဌဦးဘချစ်နှင့် မြို့နယ်မှပါတီ ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာတာဝန်ခံများ၊ ရပ်ကွက်များမှ အမျိုး သမီးတာဝန်ခံများ၊ ရပ်ကွက်များမှ လူငယ် ပါတီဝင်များက အ.မ.က(၅)ကျောင်းဝင်း အတွင်းရှိ ချုံနွယ်ပေါင်းပင်များ အမှိုက်များ ကို သန့်ရှင်းရေးပြုလုပ်ပေးကြသည်။

ယခုလို သန့်ရှင်းရေးပြုလုပ်ပေးရခြင်း မှာ မကြာမီနေပြည်တော်တွင် ကျင်းပမည့် အမျိုးသမီးညီလာခံကိုဂုဏ်ပြုကြိုဆိုသော အားဖြင့် ကလေးငယ်များ သွေးလွန်တုပ် ကွေးရောဂါမဖြစ်အောင် ချုံနွယ်ပေါင်းပင် များ အမှိုက်များကိုရှင်းလင်းပေးသွားခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ရှင်း လင်းပြောကြားသည်။

ဇော်ထွန်း