ဗဟိုအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုဂုဏ်ပြု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ဓမ္မစကူးလ်ကျောင်းသားကျောင်းသူများအား အာဟာရကုသိုလ်ပြုကျွေးမွေး

 

ရေနံချောင်း စက်တင်ဘာ ၁၆

ဗဟိုအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဝင်း၊ အတွင်းရေး မှူးဦးဝင်းတင်နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁ဝ နာရီက ရေနံချောင်းမြို့ တွင်းကုန်းရပ်ကွက် ကျောက်မင်းဆင်ရပ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်း ထိုင်ဆရာတော်ဘဒ္ဒန္တဥာဏိန္ဒအား ဖူးမြော် ကြည်ညို၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူ ဒါန်းကြကြောင်းနှင့် အဆိုပါကျောင်းတိုက် တွင်ဖွင့်လှစ်သည့် ဓမ္မစကူးလ်ကျောင်းမှ သင်တန်းသား သင်တန်းသူ ၁ဝဝ အား နေ့လယ်စာ အာဟာရဒါနများ ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်းဇော်(မကွေး)