ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုနှင့် ပြည်သူ့ဆက်ဆံရေးဆင့်ပွားသင်တန်းဆင်း

 

ကောလင်း စက်တင်ဘာ 16

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှုနှင့်ပြည်သူ့ဆက်ဆံရေးသင်တန်းအမှတ်စဉ် (၈/၂ဝ၁၈)သင်တန်းဆင်းပွဲအား မြို့နယ်ပြည်ခိုင်ဖြိုးရုံး၌ ယမန်နေ့ညနေ ၄ နာရီက ကျင်းပ ခဲ့သည်။

အဆိုပါ နိုင်ငံရေးစီမံခန့်ခွဲမှုနှင့် ပြည်သူ့ဆက်ဆံရေးဆင့်ပွားသင်တန်း(၈/၂ဝ၁၈)အား ယခုလ ၁၃ရက်မှ ၁၆ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၇ဝ တက်ရောက်ခဲ့သည်။

သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီးကော်မတီဝင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်စံ၊ ခရိုင်အတွင်းရေးမှူး ဦးမင်းဇော်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦးနှင့် မြို့နယ် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလလေးရက်အား အောင်မြင်စွာတက် ရောက်ခဲ့သည့်အတွက် သင်တန်းလက်မှတ်များအား အသီးသီးချီးမြှင့်ကြောင်း သိရသည်။

စိုင်းလူမင်း