ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် အရှေ့ ပိုင်းမြို့နယ်မြို့နယ်ပါတီကော်မတီ မှ ကြီးမှူး၍ တိုင်း၊ခရိုင်၊မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာပါတီဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများစုပေါင်း ၍ နဝမအကြိမ်မြောက် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ သာသနာ့သာစည်ကျောင်းဆရာ တော် ဥူးအာဒိစ္စ အမှူးပြုသော ရွှေခြံဓမ္မရိပ်သာကျောင်း၊ ရှင်မ တောင်ကျောင်း၊စွယ်တော်ကျောင်း၊ မကွေးကျောင်းတိုက်၊ ချမ်းမြေ့ ကျောင်း၊ ချမ်းမြေ့သာကျောင်း၊ အေးမြရတနာကျောင်းတို့မှကျောင်း ထိုင် ဆရာတော်ကြီးများနှင့် တိုက်အုပ်ဆရာတော် စုစုပေါင်း ကိုးပါး ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်း ပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးတင်အောင်၊ နယ်မြေ တာဝန်ခံ ဒေါက်တာကျော်စိုး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်ဘဏ္ဍာရေးမှူး ဒေါ်လဲ့ လဲ့အေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့် ခိုင်၊ အတွင်းရေးမှူး ဦးလှမျိုးနှင့် ကော်မတီဝင်များ၊ ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထူး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်သာသနာ့ နုဂ္ဂဟအသင်းဥက္ကဋ္ဌဦးအောင်ဆန်းလင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်မြမြ (စိမ်း မြရည်)နှင့် စာရေးဆရာမကြီး ဒေါ်ကြွယ်ကြွယ် (မကြွယ်)၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ဥက္ကဋ္ဌ များနှင့်ကော်မတီဝင်များ တက်ရောက်ကြည်ညိုကြသည်။ အခမ်းအနားအစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး သာသနာ့သာစည်ဆရာတော်ကြီးက ငါးပါးသီလပေးကာ ဧည့်ပရိသတ်များက သီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်က ဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းရခြင်းနှင့်သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များက ဝါဆိုအနုမောဒနာ တရားများချီးမြှင့်ကာ အလှူရှင် ပါတီဝင်များနှင့် အဖွဲ့အစည်းများ က ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် လှူဒါန်းမှု အစုစုအတွက်ရေစက်သွန်းချအမျှ အတန်းများပေးဝေကြပြီးဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း က်ကပ်လှူဒါန်းကာ ကြွရောက် လာကြသောဧည့်ပရိသတ်များအား အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံပြီး ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် အောင်မြင်ပြီးမြောက် ခဲ့ကြောင်း သိရသည်။

စိုးမိုး(ဒဂုံ-အရှေ့)