သစ်သီးနှင့်ပန်းအလှပြင် သင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၁ဝ

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီက အမျိုးသမီးညီလာခံ ကို ကြိုဆိုထောက်ခံသောအားဖြင့် သစ်သီးနှင့်ပန်းအလှပြင်သင်တန်း ကို ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄နာရီကကူးတို့ဆိပ်ရပ်ကွက်ခေမာ သီဝံကျောင်းတိုက်တွင် ပြုလုပ် ခဲ့သည်။

၎င်းသင်တန်းဆင်းပွဲတွင် မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း လှိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပါတီအတွင်းရေးမှူး ဦးတင် ရှိန်က သင်တန်းဆရာ ဆရာမများ အား ဂုဏ်ပြုလက်ဆောင်များချီး မြှင့်ပေးခဲ့သည်။
ယင်းနောက် နယ်မြေတာဝန်ခံ ဒေါ်နှင်းအိအိခင်(ဘဏ္ဍာရေးမှူး)က ကျေးဇူးတင်စကားပြောကြားခဲ့ သည်။ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၂၅ ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)