ကောလင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

ကောလင်း စက်တင်ဘာ ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကော လင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့လုပ်ငန်း စဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို မြို့ နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းတည့် ၁၂ နာရီ က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦးနှင့်အတွင်းရေးမှူး ဦးအောင်စိုးနိုင်တို့ကအသီးသီးဆွေး နွေးပြောကြားသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာ ကြသူ မြို့နယ်ကော်မတီဝင်များ က မိမိတို့ဆောင်ရွက်ထားရှိသော ပါတီလုပ်ငန်းများကိုဆွေးနွေးတင်ပြ ကြပြီး ရှေ့လုပ်ငန်းစဉ်များကို ညှိ နှိုင်းဆွေးနွေးဆုံးဖြတ်ခဲ့ကြ သည်။ အစည်းအဝေးသို့ မြို့နယ်ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ နှင့်ပါတီဝင်များစုံညီစွာတက်ရောက် ခဲ့ကြပြီး မွန်းလွဲ ၂ နာရီတွင်ပြီး ဆုံးခဲ့ကြောင်း သိရသည်။

စိုင်းလူမင်း