ဆူဇူကီးပြိုင်ပွဲတွင် တောက်ပလာမည့် ကြယ်ပွင့် ကစားသမားစာရင်း၌ မောင်မောင်လွင်ပါဝင်

အာဆီယံဆူဇူကီးပြိုင်ပွဲ တရားဝင်ဝက်ဆိုက်တွင် မောင်မောင်လွင်အကြောင်း ဖော်ပြထားစဉ်

အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲတွင် တောက်ပလာ မည့် ကြယ်ပွင့်ကစားသမား ငါးဦး စာရင်း၌ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း  တိုက်စစ်မှူး မောင်မောင်လွင် ပါဝင်လာသည်။

အဆိုပါ ကစားသမား ငါးဦး စာရင်းကို အာဆီယံဆူဇူကီးပြိုင်ပွဲ တရားဝင်ဝက်ဘ်ဆိုက်တွင်ဖော်ပြ ထားပြီး မောင်မောင်လွင်နှင့်အတူ ဗီယက်နမ်ကစားသမား ငုယင်ကွမ်ဟိုင်း၊ မလေးရှားကစားသမား ဆာဖာဝီရာဆစ်၊ အင်ဒိုနီးရှား ကစားသမား စတီဖာနိုလီလီပယ်လီနှင့် ထိုင်းကစားသမား ဆူပက်ချော့ဆာရာချက်တို့   ပါဝင်ခဲ့ သည်။

မြန်မာတိုက်စစ်မှူး မောင် မောင်လွင်သည် ပြီးခဲ့သည့် အာရှ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြောက်ကိုရီး ယားဘက်သို့ ဂိုးဧရိယာအစပ်မှ အပြင်း ကန်သွင်းကာ ဦးဆောင် ဂိုးသွင်းယူခဲ့သည်။  သို့သော် ယင်းပွဲတွင် မြန်မာနှင့် မြောက်ကို ရီးယားတို့ တစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့ သည်။

ထို့ပြင် မြန်မာအသင်းက ဆော်ဒီကို ၃-ဝ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည့်ပွဲ၊ အီရန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင်  အသင်းနှင့်အတူခြေစွမ်းပြခဲ့သဖြင့်   မောင် မောင်လွင်ကို တောက်ပလာမည့် ကြယ်ပွင့်ကစားသမားစာရင်း၌ ရွေးချယ်ခြင်းဖြစ်ကြောင်း  အာ ဆီယံဆူဇူကီးပြိုင်ပွဲ ဝက်ဘ်ဆိုက်က ရေးသားထားသည်။

အသက် (၂၃) နှစ်အရွယ် မောင်မောင်လွင်သည် ဟံသာဝ တီလူငယ်အသင်းမှ ပေါ်ထွက် လာသည့် ကစားသမားဖြစ်ကာ ယခုနှစ် ဘောလုံးရာသီတွင်  ရန်ကုန်ယူနိုက်တက်အသင်းသို့  ပြောင်းရွေ့ကစားနေသည်။

နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ  ၁၅ ရက်အထိ ကျင်းပမည့် ၂၀၁၈ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ တွင် မြန်မာ အသင်းသည် အုပ်စု အဆင့်၌ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ကို အိမ်ကွင်း၊ လာအိုနှင့် မလေးရှားကို အဝေးကွင်း၌ ယှဉ်ပြိုင်မည်ဖြစ်သည်။

7Days