ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Samg-hwa အား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ စက်တင်ဘာ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Samg-hwa အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် နေပြည်တော်ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာနိုင်ငံရေးဖြစ်ပေါ်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့် ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Lee Samg-hwa နှင့်အတူ အဖွဲ့ဝင်နှစ်ဦးတက်ရောက်ခဲ့ကြသည်။