ရန်ကုန်မြောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီကြားဖြတ်ရွေးချယ်ပွဲကျင်းပ

 

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ခရိုင်ပါတီကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေးကော်မတီ အစည်းအဝေးအား ယနေ့ နံနက် ၉ နာရီခွဲတွင် မြောက်ပိုင်း ခရိုင် ပါတီရုံး၌ ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ ခရိုင်ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းေ ဒသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ခရိုင်ကြား ဖြတ်ဖွဲ့စည်းရေး ကော်မတီဝင်များ၊ ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီကော်မတီဝင်များ၊ခရိုင်တွင်းရှစ်မြို့နယ်မှပါတီဥက္ကဋ္ဌ များနှင့် ခရိုင်ပါတီကော်မတီဝင် လောင်းများ တက်ရောက်ခဲ့သည်။

ယင်းအစည်းအဝေးမှခရိုင်ပါတီကော်မတီဝင်လောင်းလေးဦးအားဆန္ဒမဲပေးအတည်ပြုရွေးချယ် ခဲ့ပြီး အစည်းအဝေးကို နံနက် ၁ဝ နာရီ ၁ဝ မိနစ်၌ အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရ သည်။

မျိုးဇော်