ပဲခူးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီႏွင့္ ျပည့္မ႑ိဳင္ပရဟိတအဖြဲ႕မွ ေစတနာရွင္အလႉရွင္မ်ားႏွင့္ပူးေပါင္း၍ ေရေဘးသင့္ျပည္သူမ်ားအား ေဖးမကူညီေထာက္ပံ့

ပဲခူး
ပဲခူးတိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ့ခိုင္းခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီဥကၠ႒ဦးရဲျမင့္ထြန္းႏွင့္ တိုင္းပါတီ ေကာ္မတီဝင္မ်ား ၊ ျပည့္မ႑ိဳင္ပရဟိတအဖြဲမ်ား ၊ ေစတနာရွင္အလႉရွင္မ်ားစုေပါင္း၍ ၾသဂုတ္လ ၁၀ ရက္ေန႔မွ စတင္၍ မိုးသည္းထန္စြာရြာသြန္းမႈ ပဲခူးျမစ္ေရ႐ုတ္တရက္ျမင့္တက္လာမႈေၾကာင့္ေရေဘးသင့္ခဲ့ရေသာ ပဲခူးၿမိဳနယ္၏ ရပ္ကြက္/ေက်းရြာအုပ္စု(၁၇)ခုမွ ေရေဘးသင့္ျပည္သူမ်ားေနထိုင္ေသာ ယာယီေရေဘးကယ္ဆယ္ေရးစခန္း( ၂၉)ခုအနက္မွ ကလိေက်းရြာကယ္ဆယ္ေရးစခန္း ၊ဇိုင္းေျမာက္ေရေဘးကယ္ဆယ္ေရးစခန္း ၊ ၿမိဳဦးကင္းပညာမြန္ဘုန္းေတာ္ႀကီးေက်ာင္းေရေဘးကယ္ဆယ္ေရးစခန္း၊ က်ိဳက္ပြန္ေဇတဝန္ဘုန္းေတာ္ႀကီးေက်ာင္း၊ ကလ်ာဏီေရေဘးကယ္ဆယ္ေရးစခန္း၊ အဝိုင္းေက်းရြာ၊ ရြာသစ္ေရေဘး ကယ္ဆယ္ေရးစခန္း၊ မုန္တိုင္းေရေဘးကယ္ဆယ္ေရးစခန္း၊ ဘုရားသုံးဆူေရေဘး ကယ္ဆယ္ေရးစခန္း၊ ဇိုင္းေတာင္ေဖာင္ေတာ္ဦးကယ္ဆယ္ေရးစခန္းမ်ားသို စုစုေပါင္း ဘုန္းေတာ္ႀကီးေက်ာင္းမ်ားသို ဝထၳဳေငြ ၅ သိန္း က်ပ္၊ 1liter ေရသန္႔ဗူး ၁၂၃၇၂ ဗူး ၊ ေခါက္ဆြဲေျခာက္ထုပ္ ၇၀၄၀ထုပ္ ၊ ၾကက္သား ၁၅ ပိႆာ၊ အသင့္စားထမင္းထုပ္ ၂၀၀ ထုပ္၊ ဆန္ ၁အိပ္၊ ဆီတစ္ပုံး ကာလတန္ဖိုး သိန္း၇၀ က်ပ္တန္ဖိုးရွိ စားေသာက္ဖြယ္ရာမ်ားအား ၾသဂုတ္လ ၁၀ ရက္ေန႔မွ ၾသဂုတ္လ ၁၃ ရက္ေန႔အထိနယ္ေျမကြင္းဆင္း၍ ေန႔စဥ္လႉဒါန္းခဲ့ၿပီး ျပည္သူမ်ားအားေတြ႕ဆုံအားေပးႏွစ္သိမ့္ခဲ့သည္။
ပဲခူးတိုင္းေဒသႀကီး(အေရွ႕) ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ ျပည့္မ႑ိဳင္ပရဟိတအဖြဲ ေစတနာရွင္အလႉရွင္မ်ား ၊မိတ္ဖက္အဖြဲအစည္းမ်ား၊ အစိုးရ ဌာနဆိုင္ရာအဖြဲအစည္းမ်ားႏွင့္ပူးေပါင္း၍ ေရေဘးသင့္ျပည္သူမ်ားအား ေန႔စဥ္ကူညီလႉဒါန္းလၽွက္ရွိပါသည္။
မိုးအဆက္မျပတ္ရြာသြန္းၿပီး ပဲခူးၿမိဳနယ္အတြင္း ပဲခူးျမစ္ေရသည္ စိုးရိမ္ေရအမွတ္အထက္ေက်ာ္လြန္ ေရာက္ရွိလာျခင္းေၾကာင့္ ဩဂုတ္လ(၉)ရက္ေန႔မွစတင္ၿပီး ယာယီေရေဘးေရွာင္စခန္း(၃၈)ခုဖြင့္လွစ္ခဲ့ၿပီး ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ၊ တပ္ရင္း၊တပ္ဖြဲမ်ား၊ျပည္ခိုင္ၿဖိဳးပါတီ ၊ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲမ်ား၊ ပရဟိတအဖြဲအစည္းမ်ား၊ ေစတနာရွင္အလႉရွင္မ်ားက ကူညီေစာင့္ေရွာက္မႈမ်ားျပဳလုပ္ေပးခဲ့ရာ ယေန႔တြင္ ပဲခူးျမစ္ေရစိုးရိမ္ေရအမွတ္ေအာက္ျပန္လည္က်ဆင္းသြားၿပီျဖစ္သျဖင့္ ဩဂုတ္လ(၁၃)ရက္ေန႔ ယေန႔ညေန(၄)နာရီ အခ်ိန္တြင္ ေရေဘးကယ္ဆယ္ေရးစခန္း(၁၃)ခုအား ျပန္လည္ပိတ္သိမ္းၿပီး (၂၅)စခန္းက်န္ရွိေနေၾကာင္း သိရသည္။

============================================

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ့မှ စေတနာရှင်အလှူရှင်များနှင့်ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား ဖေးမကူညီထောက်ပံ့

ပဲခူး

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်းခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီ ကော်မတီဝင်များ ၊ ပြည့်မဏ္ဍိုင်ပရဟိတအဖွဲများ ၊ စေတနာရှင်အလှူရှင်များစုပေါင်း၍ သြဂုတ်လ ၁၀ ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှု ပဲခူးမြစ်ရေရုတ်တရက်မြင့်တက်လာမှုကြောင့်ရေဘေးသင့်ခဲ့ရသော ပဲခူးမြိုနယ်၏ ရပ်ကွက်/ကျေးရွာအုပ်စု(၁၇)ခုမှ ရေဘေးသင့်ပြည်သူများနေထိုင်သော ယာယီရေဘေးကယ်ဆယ်ရေးစခန်း( ၂၉)ခုအနက်မှ ကလိကျေးရွာကယ်ဆယ်ရေးစခန်း ၊ဇိုင်းမြောက်ရေဘေးကယ်ဆယ်ရေးစခန်း ၊ မြိုဦးကင်းပညာမွန်ဘုန်းတော်ကြီးကျောင်းရေဘေးကယ်ဆယ်ရေးစခန်း၊ ကျိုက်ပွန်ဇေတဝန်ဘုန်းတော်ကြီးကျောင်း၊ ကလျာဏီရေဘေးကယ်ဆယ်ရေးစခန်း၊ အဝိုင်းကျေးရွာ၊ ရွာသစ်ရေဘေး ကယ်ဆယ်ရေးစခန်း၊ မုန်တိုင်းရေဘေးကယ်ဆယ်ရေးစခန်း၊ ဘုရားသုံးဆူရေဘေး ကယ်ဆယ်ရေးစခန်း၊ ဇိုင်းတောင်ဖောင်တော်ဦးကယ်ဆယ်ရေးစခန်းများသို စုစုပေါင်း ဘုန်းတော်ကြီးကျောင်းများသို ဝထ္ထုငွေ ၅ သိန်း ကျပ်၊  1liter ရေသန့်ဗူး ၁၂၃၇၂ ဗူး ၊ ခေါက်ဆွဲခြောက်ထုပ် ၇၀၄၀ထုပ် ၊ ကြက်သား ၁၅ ပိဿာ၊ အသင့်စားထမင်းထုပ် ၂၀၀ ထုပ်၊ ဆန် ၁အိပ်၊ ဆီတစ်ပုံး ကာလတန်ဖိုး သိန်း၇၀ ကျပ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား သြဂုတ်လ ၁၀ ရက်နေ့မှ သြဂုတ်လ ၁၃ ရက်နေ့အထိနယ်မြေကွင်းဆင်း၍ နေ့စဥ်လှူဒါန်းခဲ့ပြီး ပြည်သူများအားတွေ့ဆုံအားပေးနှစ်သိမ့်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည့်မဏ္ဍိုင်ပရဟိတအဖွဲ စေတနာရှင်အလှူရှင်များ ၊မိတ်ဖက်အဖွဲအစည်းများ၊ အစိုးရ ဌာနဆိုင်ရာအဖွဲအစည်းများနှင့်ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား နေ့စဥ်ကူညီလှူဒါန်းလျှက်ရှိပါသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး ပဲခူးမြိုနယ်အတွင်း ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်ကျော်လွန် ရောက်ရှိလာခြင်းကြောင့် ဩဂုတ်လ(၉)ရက်နေ့မှစတင်ပြီး ယာယီရေဘေးရှောင်စခန်း(၃၈)ခုဖွင့်လှစ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၊ တပ်ရင်း၊တပ်ဖွဲများ၊ပြည်ခိုင်ဖြိုးပါတီ ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲများ၊ ပရဟိတအဖွဲအစည်းများ၊ စေတနာရှင်အလှူရှင်များက ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ရာ ယနေ့တွင် ပဲခူးမြစ်ရေစိုးရိမ်ရေအမှတ်အောက်ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့်  ဩဂုတ်လ(၁၃)ရက်နေ့ ယနေ့ညနေ(၄)နာရီ အချိန်တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၁၃)ခုအား ပြန်လည်ပိတ်သိမ်းပြီး (၂၅)စခန်းကျန်ရှိနေကြောင်း သိရသည်။