ပါလက်စတိုင်း ဒုက္ခသည်များကို ဝိုင်းဝန်းကူညီကြရန် ဂျော်ဒန် တောင်းဆို

ပါလက်စတိုင်း ဒုက္ခသည်တွေကို ဝိုင်းဝန်းကူညီကြဖို့ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီက နိုင်ငံတကာ အသိုက်အဝန်းကို သြဂုတ် ၃၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံဟာ ပါလက်စတိုင်းဒုက္ခသည် ၅ သန်းကို ထောက်ပံ့ပေးနေတဲ့ ကုလသမဂ္ဂ အကူအညီအပေါ် ငွေကြေးထည့်ဝင်မှုကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဖြတ်တောက်မှုကြောင့် ပါလက်စတိုင်းဒုက္ခသည် အများဆုံးလက်ခံထားရာ ဂျော်ဒန်နိုင်ငံ အထိနာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီဟာ လူသားချင်း စာနာမှုဆိုင်ရာ အရေးကိစ္စဖြစ်သလို နိုင်ငံရေးကိစ္စလည်း ဖြစ်တယ်လို့ ပြောကြားပြီး နိုင်ငံတကာ အကူအညီ အရေးပါပုံကို ထောက်ပြပြောဆိုခဲ့ပါတယ်။လွန်ခဲ့တဲ့ နှစ် ၇၀ လောက်က ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ ကုလ အကူအညီပေးရေး အေဂျင်စီဟာ ဂျော်ဒန်၊ ဆီးရီးယား၊ လက်ဘနွန်၊ အနောက်ဘက်ကမ်းနဲ့ ဂါဇာဒေသဆိုတဲ့ ဒေသ ၅ ခုမှာရှိတဲ့ အသိအမှတ်ပြု ပါလက်စတိုင်း ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

DVB