ပါကစ္စတန်အတွက် စစ်ရေးအကူအညီပေးမှု အမေရိကန်ဖျက်သိမ်း

ပါကစ္စတန်နိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၃၀၀ ပေးမယ့် ကိစ္စကို ဖျက်သိမ်းဖို့ အမေရိကန်စစ်တပ်က စီစဉ်နေပြီဖြစ်ပါတယ်။ ဒါဟာ ယင်းဒေသတွင်း အမေရိကန်ရဲ့ မဟာဗျူဟာကို ထောက်ကူပံ့ပိုးပေးမယ့် တိကျပြတ်သားတဲ့ ဆုံးဖြတ်လုပ်ဆောင်မှုမျိုး ပါကစ္စတန်တို့မှာ ရှိမနေတဲ့အတွက် ခုလို ရပ်ဆိုင်းရတာဖြစ်ကြောင်း ပင်တဂွန်က ပြောပါတယ်။

ဒါ့အပြင် ပါကစ္စတန်နိုင်ငံတွင်းမှာ ခိုလှုံလှုပ်ရှားနေတယ်ဆိုတဲ့ စစ်သွေးကြွတွေကို ထိရောက်စွာ နှိမ်နင်းပေးမှု မရှိခြင်းအတွက်ကြောင့်လည်း နှစ်ကာလများစွာကြာကတည်းက ပေးလာတဲ့ ယခုစစ်ရေးအကူအညီကို ဒီမှာတင် ရပ်ဆိုင်းဖို့ အမေရိကန်ဘက်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဆက်လက်ပြီး အကြမ်းဖက်အုပ်စုအားလုံးကို နှိမ်နင်းစေဖို့ ပါကစ္စတန်ကို ဆက်လက်ဖိအားပေးသွားမယ်လို့ အမေရိကန် စစ်တပ်မှ ဒုဗိုလ်မှူးကြီး Kone Faulkner က ပြောသွားပါတယ်။

ပါကစ္စတန် ၀န်ကြီးချုပ်သစ် အီမရန် ခန်း နဲ့တွေ့ဆုံဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုး အစ္စလမ်မာဘတ်ကို သွားရောက်ဖို့ အစီအစဉ်ထွက်ပေါ်ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ယခုလို စစ်ရေးအကူအညီ ရပ်ဆိုင်းတဲ့ ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

-Ref; AFP