မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ သောက်ရေတွင်းလမ်းပြုပြင်ရန် အလှူငွေပေးအပ်

 

မလှိုင် သြဂုတ် ၂ဝ

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက မြင်းတွင်းကျေးရွာသောက်ရေခပ်လမ်းပြုပြင်ရန် အတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြင်းတွင်းကျေး ရွာ၌ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

အလှူငွေပေးအပ်ပွဲတွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုး သိန်းက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြင်း တွင်းကျေးရွာရပ်မိရပ်ဖ ဦးသန်းဝင်း ဦးဆောင်သောအဖွဲ့ထံသောက် ရေခပ်လမ်းပြုပြင်ရန် အလှူငွေငါးသောင်းကျပ်ကိုပေးအပ်ရာ ရပ်မိ ရပ်ဖဦးသန်းဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ ကျေးရွာသည်အိမ်ခြေ ၁၄ဝ ခန့်ရှိပြီး လူအများအသုံးပြု နေသော သောက်ရေတွင်းလမ်းမှာ ပျက်စီးနေသဖြင့် လမ်းပြုပြင်ရန် အတွက် အလှူငွေပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းနောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစိုးသိန်းနှင့်အဖွဲ့သည် မြင်းတွင်း ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဦးဇော်ဦး ကျန်းမာရေးအတွက် သွား ရောက်ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)