ကြံခင်းမြို့တွင် ပါတီမျက်နှာစုံညီအစည်းအဝေးကျင်းပ

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီရှင်သန် ရင့်ကျက်ခိုင်မာရေး၊ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ထူထောင်ရေးနှင့်နိုင်ငံတော်အချုပ်အခြာ အာဏာ အဓွန့်ရှည်တည်တံ့ခိုင်မြဲ ရေးတို့ကို ဦးတည်လျက်ကြံခင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ပါတီမျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ဇွန်လ (၂၅) ရက်နေ့ နံနက် ၉နာရီက မြို့နယ် ပါတီရုံးစုဝေးခန်းမတွင် ကျင်းပခဲ့သည်။

13423872_395401823968284_1024692218516616870_n

အခမ်းအနားသို့ ပါတီဗဟို ကော်မတီဝင်(တိုင်းဒေသကြီး ရွေး ချယ်ရေးကြီးကြပ်မှုအဖွဲ့နာယက အဖွဲ့ဝင်) ဦးခင်မောင်ရီနှင့် ခရိုင်ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့ မိမြို့ဖများ၊လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မျက်နှာစုံညီအခမ်းအနားဖွင့် ပွဲအဖြစ် ပါတီဗဟိုကော်မတီဝင် ဦးခင်မောင်ရီက နှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲတွင် ခြောက်ဘာသာဂုဏ်ထူး၊ ငါးဘာသာဂုဏ်ထူးတို့ဖြင့် ထူးချွန် စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများကို ပြည်ခိုင်ဖြိုးပါတီ၏ဂုဏ်ပြုမှုအဖြစ် တာဝန် ရှိသူများကဆုများချီးမြှင့်ကာအခမ်း အနားအစီအစဉ်ပထမပိုင်းကို ရပ် နားလိုက်သည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းဖြစ်သော မျက်နှာစုံညီနှင့်ရွေး ချယ်တင်မြှောက်ခြင်းအခမ်းအနား ကိုနံနက် ၁၁ နာရီတွင်ဆက်လက် ကျင်းပရာ သဘာပတိအဖြစ် တိုင်း ဒေသကြီးရွေးကောက်တင်မြှောက် ရေး ကြီးကြပ်မှုကော်မတီနာယက အဖွဲ့ဝင် ဦးခင်မောင်ရီကဆောင် ရွက်ပြီးသဘာပတိအဖွဲ့ဝင်များအဖြစ် ဟင်္သာတခရိုင် ရွေးကောက်တင် မြှောက်ရေးကြီးကြပ်မှုကော်မတီဝင် များဖြစ်ကြသော ဦးကျော်ဝင်းနိုင်၊ ဦးလှခိုင်၊ ဒေါက်တာသန်းထွဋ်နှင့် မြို့နယ်ပါတီနာယက ဒေါက်တာ တင်မောင်ကြိုင်တို့က ဆောင်ရွက် ကြကာ ဦးခင်မောင်ရီက ကြီးမှူး လျက် မြို့နယ်ပါတီကော်မတီဝင် ဟောင်းများနုတ်ထွက်ခြင်း၊အသစ် လျာထားသော ပါတီကော်မတီဝင် လောင်းများ၏ အမည်စာရင်းအား တင်သွင်းခြင်း၊ အတည်ပြုခြင်းတို့ ကို ဆောင်ရွက်ခဲ့သည်။

အောင်ဆန်းဝင်း(ကြံခင်း)


Leave a Reply