ဗင်နီဇွဲလား ရွှေ့ပြောင်းဒုက္ခသည်များကို ဘရာဇီးနိုင်ငံသားများ မောင်းထုတ်

ပါကာရိုင်မာမြို့တွင် ဗင်နီဇွဲလားရွှေ့ပြောင်းနေထိုင်သူများကို ကန့်ကွက်ဆန္ဒပြနေသူအချို့အား သြဂုတ် ၁၈ ရက်က တွေ့ရစဉ် (GERALDO MAIA/EPA)

ဒေသခံ စားသောက်ဆိုင်ရှင်တစ်ဦး ဓားထိုး၊ ရိုက်နှက်ခံရပြီးနောက် ဒေါသထွက်နေသော ဘရာဇီးနိုင်ငံနယ်စပ်ရှိ ပါကာရိုင်မာမြို့ခံများသည် ဩဂုတ် ၁၇ ရက်က ဗင်နီဇွဲလားရွှေ့ပြောင်း ဒုက္ခသည်များကို မောင်းထုတ်ခဲ့ကြောင်း ဒေသခံများနှင့် အစိုးရတာဝန်ရှိသူများ ကပြောသည်။

ယင်းကြောင့် ရာနှင့်ချီသော ဗင်နီဇွဲလားနိုင်ငံသားများ နေရပ်သို့ ခြေကျင်ပြန်ပြေးခဲ့ရပြီး ဒေသခံများက ရွှေ့ပြောင်းဒုက္ခသည်များ ကျန်ခဲ့သည့် ပစ္စည်းများကို မီးတင်ရှို့ခဲ့ကာ နှစ်နိုင်ငံကြား တစ်ခုတည်းသော လမ်းမကို ပိတ်ဆို့ရန် ကြိုးစားခဲ့သည်။

ဩဂုတ် ၁၇ ရက် ညကပါ ကာရိုင်မာမြို့ခံတစ်ဦးကို ဗင်နီဇွဲလားနိုင်ငံသားလေးဦးက ရိုက်နှက်ပြီး ပစ္စည်းများ လုယူခဲ့သော ကြောင့် မြို့ခံများက ဒေါသထွက် ခဲ့ကြောင်း ယင်းပြည်နယ် လုံခြုံရေးဝန်ကြီး ဂိုင်လီယာနာကက် စထရိုက ပြောသည်။

ရိုက်နှက်ခံရသူသည် ဦးခေါင်းတွင်ရရှိသော ဒဏ်ရာများကြောင့် သတိလစ်မေ့မြောကာ ဆေးရုံသို့ တင်ပို့ခဲ့ သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ကက်စထရိုက ထပ်လောင်း ပြောသည်။

၎င်းတို့နိုင်ငံသားများ တိုက် ခိုက်ခံရသည်ဆိုသော သတင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း ဗင်နီဇွဲလား အစိုးရက ဖော်ပြခဲ့ပြီး ယခုအကြမ်းဖက်မှုသည် ‘နိုင်ငံခြားသားကြောက်ရောဂါ’ကြောင့် ဖြစ်သည်ဟု ဗင်နီဇွဲလား နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောသည်။

ထိုအတောအတွင်း ဗင်နီဇွဲ လားဘက်ခြမ်းနယ်စပ်တွင် ဘရာဇီးနိုင်ငံသားများ တိုက်ခိုက်ခံရသည်ဟု သတင်းများက ဖော်ပြ သည်။

နိုင်ငံကူးလက်မှတ် မပါဘဲ ၎င်းတို့နိုင်ငံအတွင်း ဗင်နီဇွဲလားသားများ ဝင်ရောက်မှု ရပ်တန့်ရန် အီကွေဒေါက စည်းမျဉ်းဥပဒေ သစ်များ ချမှတ်ခဲ့သောကြောင့် ကိုလံဘီယာနိုင်ငံတွင် ဗင်နီဇွဲလားရွှေ့ပြောင်းဒုက္ခသည် အများအ ပြား သောင်တင်နေသည်။

စီးပွားရေးနှင့် နိုင်ငံရေးအ ကျပ်အတည်းမှ ထွက်ပြေးလာ သော ထောင်နှင့်ချီသည့် ဗင်နီဇွဲ လားသားများသည် မှတ်ပုံတင် ကတ်ပြားများ အသုံးပြုကာ ကိုလံ ဘီယာမှတစ်ဆင့် အီကွေဒေါသို့ ဝင်ရောက်နေသည်။

ယခုလုပ်ရပ်ကို ကိုလံဘီယာနိုင်ငံက ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

—Ref: BBC/Reuters