အမေရိကန်နှင့် ကနေဒါတွင် လာလီဂါပွဲစဉ်များကို သွားရောက်ကစားရန် လာလီဂါအဖွဲ့ချုပ်နှင့် Relevent တို့ သဘောတူညီလိုက်

လာလီဂါပွဲစဉ်များကို အမေရိကန်နှင့် ကနေဒါတွင် သွားရောက်ကစားရန်အတွက် Relevent နှင့် လာလီဂါ အဖွဲ့ချုပ်တို့ သဘောတူညီသွားခဲ့သည်။ Relevent မှာ နိုင်ငံတကာချန်ပီယံဖလားကို ကြီးမှူးစီစဉ်သည့် အားကစားဆိုင်ရာ ကုမ္ပဏီဖြစ်ပြီး လာလီဂါနှင့် အကျိုးတူပူးပေါင်းလိုက်ခြင်းဖြစ်သည်။

လာလီဂါအနေဖြင့် စပိန်နိုင်ငံပြင်ပသို့ ပထမဆုံးအကြိမ် သွားရောက်ကစားမည့် သဘောတူညီချက်မှာ ၁၅ နှစ်သက်တမ်းရှိကြောင်း ဖော်ပြသွားခဲ့သည်။ လာလီဂါအနေဖြင့် မြောက်အမေရိကတွင် ဈေးကွက်လွှမ်းမိုးနိုင်ရန် အတွက်သာမက အမေရိကန်နှင့် ကနေဒါတွင် လူငယ်အကယ်ဒမီများ၊ လူငယ်နည်းပြများနှင့် သရုပ်ပြပွဲများ ကစားရန်နှင့် မြောက်အမေရိကရှိ လာလီဂါပရိသတ်များ အနေဖြင့် လာလီဂါပွဲစဉ်များနှင့် ထိတွေ့မှု ရှိစေရန်အတွက် အမေရိကန်နှင့် ကနေဒါတွင် လာလီဂါပွဲစဉ်များကို ကျင်းပရန် စီစဉ်ရခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြသွားခဲ့သည်။ သို့သော်လည်း သက်ဆိုင်ရာက သဘောတူညီချက်နှင့်ပတ်သက်ပြီး အသေးစိပ်ကို ထုတ်ပြန် ကြေညာခြင်း မရှိသေးပဲ သတင်းမီဒီယာများက ဖော်ပြသွားခြင်းဖြစ်သည်။   

-Ref; Sky sports