ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ပါတီဝင်များ၏သားသမီးများအား ထူးချွန်ဆုချီးမြှင့်

 

ဖျာပုံ သြဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သော ပါတီဝင်၏သားသမီး ကျောင်း သားကျောင်းသူများအား ထူးချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကန်ကြီး ထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမူဆောင်(တောင်သူလယ်သမား ရေးရာတာဝန်ခံ) ဦးအောင်တင်မြင့်၊ တိုင်းပါတီဥက္ကဋ္ဌနှင့်ဗဟိုကော်မတီဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ပုသိမ်ခရိုင်ဥက္ကဋ္ဌနှင့်ကော်မတီ ဝင်များ၊မြို့နယ်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ NGO များ၊ ဆုရကျောင်းသားကျောင်းသူများနှင့် မိဘများ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။ ထူးချွန်ကျောင်းသား ကျောင်းသူများအား တစ်ဘာသာလျှင် ငွေကျပ် ၃ဝဝဝဝ ချီးမြှင့်သည်။
အထူးအစီအစဉ်တစ်ရပ်အဖြစ် ကျိုက်လတ်တိုက်နယ် ကျုံကြီးကျေးရွာ မှ မသန်စွမ်းသူ အဋ္ဌမတန်းကျောင်းသူမခိုင်နှင်းဝေအား ဂုဏ်ပြုဆုချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(ဖျာပုံ)