ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူ ဒါန်းပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပျဉ်းမနားမြို့နယ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းပွဲကို ၉.၈.၂၀၁၈ နံနက် ၉း၀၀ နာရီအချိန်တွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းပွဲသို့ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဌ ဦးဝေလွင်နှင့် ဇနီးဒေါ်ဆွေဆွေဦး၊ ပြည်ထောင်စုနယ်မြေနှင့် နေပြည်တော် ခရိုင်ပါတီတို့မှ ကော်မတီဝင်များ၊ ပျဉ်းမနားမြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ ကျေးပါတီများမှ ပါတီတာဝန်ရှိသူများ စုစုပေါင်း အင်အား(၁၀၀) ကျော်နှင့် ဖိတ်ကြားထားသည့်ဌာနဆိုင်ရာ ဧည့်သည်တော်များ တက်ရောက်ကြပါသည်။