မင်းဘူး(စကု)မြို့နယ် ရွှေချောင်းကျေးရွာ ပါတီဆိုင်းဘုတ်အသစ်တင်ပွဲနှင့် ပါတီဝင်တွေ့ဆုံပွဲအခမ်းအနား ပါတီဗဟိုအတွင်းရေးမှူး တက်ရောက်

 

မင်းဘူး သြဂုတ် ၈

မင်းဘူး(စကု)မြို့နယ်ရွှေချောင်း ကျေးရွာ ပါတီဆိုင်းဘုတ်အသစ် တင်ပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေချောင်းကျေးရွာတွင် ကျင်းပခဲ့ သည်။ ဆိုင်းဘုတ်အသစ်တင်ပွဲ အခမ်းအနားကို နိုင်ငံတော်အလံ အလေးပြုကာ နိုင်ငံတော်သီချင်း သီဆိုပြီး ဖွင့်လှစ်ကြသည်။

ဆိုင်းဘုတ်အသစ်ကို ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတွင်းရေးမှူး မကွေး တိုင်းဒေသကြီးတာဝန်ခံဦးပိုက်ထွေး၊
ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးအောင် ထွန်း၊ ဒေါက်တာပွင့်ဆန်းနှင့် မကွေးတိုင်းဒေသ ကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးတို့ က ရွှေရည်ငွေရည်ဖြင့် အမွှေးနံ့သာများပက်ဖျန်း ပေးခဲ့ကြပြီး ဆိုင်းဘုတ်အသစ်ကို ဖွစ်လှစ်ခဲ့သည်။

ဆက်လက်ပြီး ပါတီဝင်များနှင့်တွေ့ဆုံပွဲကို ကျင်းပခဲ့ရာ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးမှ ပထမဦးစွာ နှုတ်ခွန်းဆက်အမှာစကားပြောကြား သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဒေါက်တာမောင်မောင်ဌေး မှ အမှာစကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပါတီဗဟိုအတွင်း ရေးမှူး၊ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အတွင်း ရေးမှူးဦးဆန်းညွန့်အောင်၊ တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းကော်မတီဝင်များ၊ ခရိုင် အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မင်းဘူး (စကု)မြို့နယ်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ စလင်း မြို့နယ်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ပတ်ဝန်းကျင် ကျေးရွာများမှ ပါတီဝင်များအားလုံး စုစုပေါင်း အင်အား ၃ဝဝ ခန့်တက်ရောက်ခဲ့သည်။

ထို့နောက် မွန်းလွဲ ၁ နာရီတွင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့သည် မကွေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအစည်းအဝေး ခန်းမ၌ တိုင်းပါတီကော်မတီဝင်များ၊ မင်းဘူး ခရိုင်နှင့် မြို့နယ်ဥက္ကဋ္ဌများ၊ ခရိုင်နှင့်မြို့နယ် ပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံခဲ့ပြီး ၂ဝ၁၈ ကြား ဖြတ်ရွေးကောက်ပွဲတွင် မင်းဘူး(စကု) မြို့နယ် တိုင်းဒေသကြီးအမှတ်(၂)နယ်မြေတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းနှင့်ပတ်သက် ၍ အောင်နိုင်ရေးကိစ္စရပ်များ အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြ သည့် ဦးအောင်ထွန်း၊ ဒေါက်တာပွင့်ဆန်းနှင့် ဒေါက်တာမောင်မောင်ဌေးတို့တက်ရောက်ခဲ့ပြီး အခမ်းအနားကို မွန်းလွဲ ၃ နာရီခွဲတွင် ပြီးဆုံးခဲ့ ကြောင်း သိရသည်။