ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများသို့ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ သွားရောက်လှူဒါန်း

 

ပဲခူး သြဂုတ် ၂

ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီ တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးစော မော်ထွန်းသည် အတွင်းရေးမှူး ဦးညီညီမြင့်နှင့် တိုင်းဒေသကြီး ကော်မတီဝင်များ၊ ပဲခူးမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်အောင်နှင့် မြို့နယ် ကော်မတီဝင်များ၊ လူငယ်ပါတီဝင် များလိုက်ပါလျက် ယမန်နေ့မွန်းလွဲ ၂ နာရီက ရေကြီးနစ်မြုပ်လျက်ရှိ သော ဇိုင်းဂနိုင်တောင်ပိုင်းရပ်ကွက် ရှိ ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်နှင့် ကျွန်းသာယာရပ်ကွက်ရှိ အောင် ဇေယျာစာသင်တိုက်များသို့ သွား ရောက်ပြီး ပဓာန နာယက ဆရာ တော်များအား ရှိခိုးကန်တော့ကာ ကျောင်းတိုက်အတွင်း သီတင်း သုံး နေထိုင်တော်မူကြသည့် စာချ စာသင်ဆရာတော် သံဃာတော် အရှင်သူမြတ်များအတွက် ရေသန့် ဘူးများနှင့် ဆန်အိတ်များသွား ရောက်လှူဒါန်းပူဇော်ခဲ့ကြကြောင်း သိရသည်။
ထိုသို့လှူဒါန်းမှုပြုလုပ်ရာ တွင် သံဃာအပါး၃ဝ၅ပါးသီတင်း သုံးနေထိုင်တော်မူသော ချမ်းမြေ့ ဇေယျာသာမဏေကျော်တက္ကသိုလ် ကျောင်းတိုက်အတွက် ရေသန့် ၅၂ ကတ်နှင့် ဆန်ငါးအိတ်၊ အောင် ဇေယျာစာသင်တိုက်အတွက် ရေသန့်၄၈ကတ်နှင့်ဆန်ငါးအိတ်တို့ အားပဓာနနာယကဆရာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပဲခူးမြစ်၏ စိုးရိမ်ရေအမှတ် သည် ပဲခူးမြို့အတွက် ၈၈ဝ စင် တီမီတာဖြစ်ပြီး ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ၈၂ဝ စင်တီမီတာအထိ ကျဆင်းသွား သဖြင့် ကယ်ဆယ်ရေးစခန်းအချို့ ပိတ်သိမ်းထားသော်လည်း အနိမ့် ပိုင်းရပ်ကွက်များနှင့် ကျေးရွာ အချို့၌ ရေများကျန်ရှိနေသဖြင့် အဆိုပါဒေသများရှိ ပြည်သူများမှာ ရေဘေးဒုက္ခခံစားနေရသေးကြောင်း သိရသည်။ယင်းရေဘေးဒုက္ခခံစား နေရသူများ နေထိုင်ရာဒေသအသီး သီးသို့ ပြည်ခိုင်ဖြိုးပါတီအပါအဝင် အခြားအလှူရှင်များက သွား ရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။