ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲကျင်းပ

 

ဒီးမော့ဆို၊ ဇူလိုင် ၁၆

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့ နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နေပြည်တော်တွင် မကြာမီက ကျင်းပပြီးစီးခဲ့သော လူငယ်ညီလာခံ အတွေ့အကြုံရှင်း လင်းပွဲကို ယနေ့ နံနက်(၉း၅၀) နာရီအချိန် ဒီးမော့ဆို ပြည်ခိုင်ဖြိုး ပါတီရုံးအစည်းအဝေး ခန်းမတွင်ကျင်းပ ပြုလုပ်ပါသည်။
ရှေးဦးစွာ အခမ်းအနားတက် ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော် သီချင်းဖြင့်သီဆို၍ အခမ်းအနားစတင် ဖွင့်လှစ် ပါသည်။
ယင်းနောက် ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် (လူငယ်ရေးရာတာဝန်ခံ) ဦးအောင်နိုင်ဦးမှ ဗဟို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမိန့်ခွန်းအားထပ်ဆင့် ရှင်းလင်းပြောကြားပြီး နေပြည်တော် လူငယ်ညီလာခံ အတွေ့အကြုံများကို ပြောကြားသည်။
ဆက်လက်၍ ကယားပြည်နယ် လူငယ်ရေးရာ လုပ်ရှားမှုတာဝန်ခံ မနန်းစောရင်မှ နေပြည်တော် လူငယ်ညီလာခံ အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်း ပြောကြားသွားပါသည်။ ထို့နောက်တက်ရောက်လာကြသောလူငယ်များ မှ သိရှိလိုသည်များ လိုအပ်ချက်များကိုမေးမြန်းပြီး ပါတီမှတာဝန်ရှိသူ အသီးသီးက ဆွေးနွေး ဖြေကြားသွားပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင် ) ကယားပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီ နာယက ဦးတောရယ်၊ ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ် ကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဦးအောင်နိုင်ဦး၊ ပြည်နယ်ကော်မတီ ဝင်များ ဖြစ်ကြသော ဦးမော်ရယ်၊ ဦးရဲဝင်း၊ ဦးကျော်သင်း ဒေါ်ဗျားမြာမောင် ဒီးမောဆိုမြို့နယ်တာဝန်ခံများဖြစ်ကြသော ဒေါ်မော်မော်ခိုင်နှင့် ဒေါ်ဒေါရစ်လေး၊ ကယားပြည်နယ် လူငယ်ရေးရာလုပ်ရှားမှု တာဝန်ခံ နန်းစောရင်နှင့် ဒုတိယတာဝန်ခံ မောင်အောင်ကျော်မြင့်၊ လွိုင်ကော်ခရိုင် ဥက္ကဌ ဦးမျိုးမြင့်ဦးနှင့် ခရိုင်ကော်မတီဝင်များ လွိုင်ကော်မြို့နယ် ကော်မတီဝင် လူငယ်များဖြစ်ကြသော ဦးလင်းမြတ်ဦးနှင့် ဦးမင်းဇော်ဦး ဒီးမော့ဆိုမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ နာယက ဦးပိုးရယ်ရန်အောင်၊ ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါ်မေရီယန်၊ အတွင်းရေးမှူး ဦးဝီလျံဇော်ထိုက်နှင့် ရပ်/ကျေးပါတီ ဥက္ကဌများ ဒီးမော့ဆိုမြို့နယ်ပါတီ လူငယ်များ စုစုပေါင်းအင်အား (၇၀)ကျော်တက်ရောက်ခဲ့ကြပြီး နံနက် (၁၀း၄၀) နာရီတွင် အခမ်းအနား ပြီးမြောက် ကြောင်း သတင်းရရှိသည်။

ထာဝရ ထာဝရနြေချစ်သူ မြေချစ်သူ