ပျဉ်းမနားမြို့နယ်ရှိ သမိုင်းဝင်လှေခွင်းတောင်ဘုရားသို့ ဗဟိုအလုပ်အမှုဆောင်ဦးအောင်တင်မြင့်နှင့်အဖွဲ့ သွားရောက်ဖူးမြော်

 

နေပြည်တော် ပျဉ်းမနားမြို့ နယ်ရှိ သမိုင်းဝင်လှေခွင်းတောင် ဘုရားသို့ ဘုရားဖူးများလွယ်ကူ ချောမွေ့စွာ သွားရောက်ဖူးမြော်နိုင် ရန်အတွက် ကွန်ကရစ်လမ်းသစ် ကြီး ပြီးစီးသွားပြီဖြစ်၍ နွေမိုး ဆောင်းရာသီအလိုက် ဘုရားဖူး များဖြင့် စည်ကားလျက်ရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံဦးအောင်တင်မြင့်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် လှေခွင်း တောင်ဘုရားအား သွားရောက်ဖူး မြော်ပြီး ပန်း၊ရေ၊ဆီမီး၊ သစ်သီး စသည်တို့ကို လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ လှေခွင်းတောင်ဆရာ တော်ကြီးဘဒ္ဒန္တဂန္ဓသိရီအား သွား ရောက်ဖူးမြော်၍ သစ်သီးဆွမ်း၊ မုန့်ဆွမ်းစသည့်အာဟာရခဲဖွယ် ဘောဇဉ်များ၊ သန်းကုဋေအောင် သောက်ရေသန့်များ၊ နဝကမ္မအလှူ ငွေများ ဆက်ကပ်လှူဒါန်းကြရာ ဆရာတော်ကြီးက လှေခွင်းတောင် ဘုရားသမိုင်းကို ရှင်းလင်းမိန့်ကြား ပြီး လှူဒါန်းမှုအစုစုအတွက် ရေ စက်ချတရားချီးမြှင့်ပေးခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင်နှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ကျည် ထောင်ရွာ၌ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးဦးဌေးဝင်းနှင့်ကော် မတီဝင်များ၊ ဇေယျာသီရိမြို့နယ် ပါတီယာယီဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီဥက္ကဋ္ဌနှင့် ပါတီဝင်များ အားတွေ့ဆုံပြီး ပါတီစည်းရုံးရေး နှင့်တောင်သူလယ်သမားရေးရာ ကိစ္စရပ်များ ရှင်းလင်းခဲ့ရာ ပြည် ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်းနှင့်ဇေယျာသီရိမြို့နယ် ပါတီယာယီဥက္ကဋ္ဌဦးနိုင်ဦးတို့က နယ်မြေအတွက် ဆောင်ရွက်လျက် ရှိသည့် တောင်သူလယ်သမားရေး ရာ လုပ်ငန်းများနှင့် ရှေ့လုပ်ငန်း စဉ်များ ပြန်လည်တင်ပြခဲ့ကြောင်း သိရသည်။

USA