အရှိုချင်းစာပေပြဋ္ဌာန်းစာအုပ်နှင့် စာရေးကိရိယာများပြည်ခိုင်ဖြိုးပါတီပေးအပ်လှူဒါန်း

 

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် အရှိုချင်းစာ ပေသင်ကြားနေသော အခြေခံ ပညာကျောင်းများအား အရှိုချင်း စာပေပြဋ္ဌာန်းစာအုပ်နှင့် စာရေး ကိရိယာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြန်အောင်မြို့နယ် မြင် ဝါးတောင်ကျေးရွာအုပ်စုညောင်ခုံ ကျေးရွာညောင်ခုံမူလတန်းကျောင်း ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် အရှိုချင်းစာပေနှင့်ယဉ်ကျေးမှု ဦးစီး ကော်မတီနာယက ဆလိုင်းဂျာက ကျေးဇူးတင်အမှာစကားပြောကြား ခဲ့ပြီး မြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေး မှူး ဦးနေဝင်းဇော်က အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၏လမ်းညွှန်စီစဉ်ပေးမှု၊ ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်း ထွန်း၏ ကြီးကြပ်ဆောင်ရွက်မှုတို့ ဖြင့် ယခုလိုပေးအပ် လှူဒါန်းနိုင်ခဲ့ ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဒေါ်ယဉ်မြတ်သူ က မြို့နယ်ပြည်ခိုင်ဖြိုးပါတီအနေ ဖြင့် အရှိုချင်းတိုင်းရင်းသားစာပေ သင်ကြားမည့်ကျောင်းသားကျောင်း သူများအတွက် ဗလာစာအုပ် ၁၅ ဒါဇင်၊ပေတံ ၁၅ ဒါဇင်၊ ဘောလ် ပင် ၁၅ ဒါဇင်၊ ပထမတန်းဖတ် စာအုပ် ၁၆ဝ၊ ဒုတိယတန်းဖတ် စာအုပ် ၁၄ဝ နှင့် တတိယတန်း ဖတ်စာအုပ် ၁၅ အုပ်တို့ကို ပေး အပ် လှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်ပါတီအတွင်း ရေးမှူး ဦးနေဝင်းဇော်နှင့်မြို့နယ် ပါတီကော်မတီဝင်များက အရှိုချင်း စာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယက၊ ဥက္ကဋ္ဌ၊ ဆရာမများအား အရှိုချင်းစာပေပြဋ္ဌာန်းစာအုပ်များ နှင့်စာရေးကိရိယာများကို ပေး အပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက်အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဆလိုင်း အောင်ကျော်က အရှိုချင်းတိုင်းရင်း သားများ၏ စာပေနှင့်ယဉ်ကျေးမှု တို့ကိုရှင်းလင်းပြောကြားပြီး ကျေး ဇူးတင်စကားပြောကြားကာ အခမ်း အနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ သည်။

အခမ်းအနားသို့ မြန်အောင် ပြည်ခိုင်ဖြိုးပါတီမှမြို့နယ် /အရန် ပါတီကော်မတီဝင်များ၊ အရှိုချင်း တိုင်းရင်းသားများ၊ ဆရာဆရာမ များ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၅ဝ ခန့်တက်ရောက် ခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၃ နာရီတွင် အောင်မြင်စွာပြီးစီးခဲ့ ကြောင်း သိရသည်။

မြန်အောင်မြို့နယ်တွင် ၂ဝ၁၈ -၂ဝ၁၉ပညာသင်နှစ်အခြေခံပညာ ကျောင်းများ၌ အရှိုချင်းတိုင်း ရင်းသားစာပေသင်ကြားမည့် စာ သင်ကျောင်း ၁၃ ကျောင်းရှိပြီး စာပေသင်ကြားမည့်ဆရာဆရာမ ၁၇ ဦး၊ အရှိုချင်းကျေးရွာများမှ အရှိုချင်းစာပေသင်ကြားမည့်ပထမ တန်း ကျောင်းသားဦးရေ ၃ဝ၂ ဦး၊ ဒုတိယတန်းကျောင်းသား ၁၈၂ ဦးနှင့်တတိယတန်းကျောင်း သားရှစ်ဦးစုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၈၄ ဦးရှိကြောင်း တာဝန်ခံဆလိုင်းသန်းအောင်ထံမှ သိရသည်။

ဇင်မိုးလေး