မဟာအောင်မြေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး အဆင့် နှုတ်မှု စွမ်းရည်ပြိုင်ပွဲကျင်းပ

 

မဟာအောင်မြေမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှကြီးမှူးကျင်းပသော ရပ်/ကျေး အဆင့် ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအား ယနေ့ နံနက် ၉ နာရီက မြို့နယ်ပါတီရုံး ခန်းမတွင် ကျင်းပ ခဲ့သည်။

ပြိုင်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ကာ မန္တလေးခရိုင် တွဲဖက်နယ်မြေ တာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် အမရပူရ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ(ခေတ္တ)ဥက္ကဋ္ဌဦးသန်းစိုးက ပြိုင်ပွဲကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ ရပ်/ ကျေးအဆင့်ပါတီဝင်များ၏ နှုတ်မှု စွမ်းရည်ပြိုင်ပွဲအား အစီအစဉ်များ အတိုင်းဆက်လက် ကျင်းပ ခဲ့သည်။

နှုတ်မှုစွမ်းရည်ပြိုင်ပွဲသို့ မန္တလေးခရိုင်တွဲဖက်နယ်မြေတာဝန်ခံ တိုင်းဒေသ ကြီး ပါတီကော်မတီဝင်ဦးအောင်နိုင်ဦး၊ မန္တလေးခရိုင်ပါတီကော်မတီဝင် ဦးဝင်းမောင်၊ဒေါ်ဝါဝါလှိုင်၊ မဟာ အောင်မြေမြို့နယ် ပြည်ခိုင် ဖြိုးပါတီ(ခေတ္တ)ဥက္ကဋ္ဌဦးသန်းစိုး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အကဲဖြတ် ဒိုင်လူ ကြီးများ၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရပ်/ ကျေးပါတီဝင်များ တက်ရောက် ခဲ့ကြသည်။

နှုတ်မှုစွမ်းရည်ပြိုင်ပွဲကြီး၏ ပြိုင်ပွဲများဖြစ်ကြသည့် ကျပန်းစကားပြော ပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲများအား မဟာအောင်မြေ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အသီးသီးမှပါတီဝင်များ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြောင်းသိရသည်။

သု