ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

ဘောလခဲ၊ ဇူလိုင် ၁၅

ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နေပြည်တော် တွင် မကြာမီက ကျင်းပပြီးစီးခဲ့သော လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို ယမန်နေ့ နံနက်၁၀ နာရီအချိန် ဘောလခဲခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။

ရှေးဦးစွာ အခမ်းအနား တက်ရောက်လာသူများက နိုင်ငံတော်အလံအားအလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် သီဆို၍ အခမ်းအနား စတင် ဖွင့်လှစ်ပါသည်။

ယင်းနောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် (လူငယ်ရေးရာတာဝန်ခံ) ဦးအောင်နိုင်ဦးမှ ဗဟိုပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမိန့်ခွန်းအား ထပ်ဆင့်ရှင်းလင်းပြောကြားပြီး နေပြည်တော်လူငယ်ညီလာခံ အတွေ့အကြုံများကို ပြောကြားသည်။

ဆက်လက်၍ ကယားပြည်နယ် လူငယ်ရေးရာ လုပ်ရှားမှုတာဝန်ခံ ဒေါ်နန်းစောရင်မှ နေပြည်တော် လူငယ်ညီလာခံ အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်း ပြောကြားသွားပါသည်။ ထို့နောက် တက်ရောက်လာကြသော လူငယ်များမှ သိရှိလိုသည်များ လိုအပ်ချက်များကို မေးမြန်းပြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီမှတာဝန်ရှိသူ အသီးသီးက ဆွေးနွေး ဖြေကြားသွားပါသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ( ဗဟိုအလုပ်အမှုဆောင် ) ကယားပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ် အောင်သိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးစိုးရယ်နှင့် ဦးအေးရွှေ၊ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင် လူငယ်ရေးရာတာဝန်ခံများ ဖြစ်ကြသော ဦးအောင်နိုင်ဦးနှင့် ဒေါ်နန်းယဉ်သီတာထွေး ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဒေါ်ဗျားမြာမောင်၊ ကယားပြည်နယ် လူငယ်ရေးရာလုပ်ရှားမှုတာဝန်ခံ ဒေါ်နန်းစောရင်၊ ဘောလခဲခရိုင်ဥက္ကဌ ဦးအေးမောင်၊ အတွင်း ရေးမှူး ဦးချစ်ဦးမောင်နှင့် ခရိုင်ကော်မတီဝင်များ လွိုင်ကော်မြို့နယ် ကော်မတီဝင်လူငယ်များ ဖြစ်ကြသော ဦးလင်းမြတ်ဦးနှင့် ဦးမင်းဇော်ဦး၊ ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးရယ်၊ အတွင်းရေးမှူး ဦးဟန်ထူးနှင့် နှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများ၊ ပါတီဝင်လူငယ်များ စုစုပေါင်းအင်အား (၅၀) ကျော် တက်ရောက်ခဲ့ကြပြီး နံနက် (၁၀း၄၅) နာရီတွင် အခမ်းအနား ပြီးမြောက်ကြောင်း သတင်းရရှိသည်။

ထာဝရ ထာဝရနြေချစ်သူ မြေချစ်သူ