ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးသိန်းစိန် သည် စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီး Dr. Vivian Balakrishnan အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌကြီး ဦးသိန်းစိန်က စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးရာ ၀န်ကြီး Dr. Vivian Balakrishnan အား ယနေ့ (မေလ ၁၉ ရက်) နံနက် (၉) နာရီအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌကြီး ဦးသိန်းစိန်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ် အမှုဆောင်များဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးခင်ရီ၊ ဒေါ်ဝေေ၀သာ၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသော ဦးသန်းထွန်း၊ ဒေါ်ဝင်းမော်ထွန်းနှင့် စီမံရေးရာဌာနကြီးမှူး ဦးအောင်နိုင်ထွန်းတို့ တက်ရောက်ခဲ့ကြ သည်။