ကမ္ဘာ့ဖလား ကွာတားကနေ ထွက်ခဲ့ရပေမယ့် ရုရှားအသင်းကို သမ္မတ ပူတင် ဂုဏ်ပြုစကားပြော

ကမ္ဘာ့ဖလားကွာတား ဖိုင်နယ်တွင် ခရိုအေးရှားကို အချိန်ပိုအထိ အပြန်အလှန်သွင်းဂိုးများဖြင့် သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်၌ ၄-၃ ဂိုးဖြင့် ရှုံးကာ အိမ်ရှင်ရုရှားအသင်းထွက်ခဲ့ရသော်လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က လက်ရွေးစင်အသင်းအတွက် ဂုဏ်ယူကြောင်း ပြောကြားသည်။

ပူတင်က ကမ္ဘာ့ဖလားရလဒ်များနှင့် ပတ်သက်၍ ဆွေးနွေးရန် ရုရှားနည်းပြ ချာချီဆော့ဗ်နှင့် ဘောလုံး အသင်းသားများကို ခေါ် ယူတွေ့ဆုံခဲ့ကြောင်း ကရင်မလင် အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပူတင်သည် ယင်းပွဲမတိုင်မီ ချာချီဆော့ဗ်ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ပွဲအပြီးတွင်လည်း ထပ်မံဖုန်းဆက်ကာ ကမ္ဘာ့ဖလား၌ ထိုက်တန်သော ခြေစွမ်းကို ပြသခဲ့ကြောင်း ခရိုအေးရှားကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း ပြောဆိုချီးကျူးခဲ့သည်။ ရုရှားနည်းပြချာချီဆော့ဗ်က ကစားသမားများ၏ စိတ်ဓာတ်နှင့် စွမ်းဆောင်ရည်ကို ချီးကျူး ပြောကြားသည်။ ရုရှားသည် အုပ်စုနောက်ဆုံး ပွဲတွင် ဥရုဂွေးကိုသာ ရှုံးခဲ့ပြီးနောက် ခရိုအေးရှားကို ရှုံးကာ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရသည်။  

—Ref:Reuters