စစ်သွေးကြွများထံမှ သိမ်းဆည်းရမိသည့် လက်နက်များ ဆီးရီးယားစစ်တပ် ပြသ

ဆီးရီးယားအစိုးရတပ်တွေဟာ ဒေရာယာ စီရင်စုထဲက အစိုးရဆန့်ကျင်ရေး စစ်သွေးကြွတွေဆီကနေ အရင်သီတင်းပတ်က သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို ဇူလိုင် ၄ ရက်နေ့က မီဒီယာတွေရှေ့မှာ ခင်းကျင်းပြသခဲ့ပါတယ်။

ဒေရာယာမြို့ စစ်စခန်းရဲ့ လေ့ကျင့်ရေးကွင်းပြင်ထဲမှာ ပြသထားတဲ့ လက်နက်တွေထဲမှာ စက်သေနတ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ ပုခုံးထမ်း အသံလွှင့်စက်တွေ၊ ဒုံးကျည်တွေနဲ့ တင့်ကားတွေပါ ပါပါတယ်။

မြို့အရှေ့တောင်ဘက်က ရွာလေးရွာကို စစ်ဆင်ရေးအတွင်း ဒီလက်နက်တွေကို ရခဲ့တယ်၊ လက်နက်တွေကို အမျိုးအစားအလိုက် စာရင်းပြုစုနေဆဲလို့ ဆီးရီးယား အာရပ်စစ်တပ်ရဲ့ စစ်ဦးစီးမှူးက ပြောပါတယ်။

စစ်တပ် ရွာထဲမဝင်ခင် စစ်သွေးကြွတွေ ထွက်ပြေးလွတ်မြောက်သွားတယ်၊ ဒါပေမယ့် လက်နက်တွေကို ချန်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တချို့လက်နက်တွေက ဆီးရီးယားမှာ ရှားပါးလွန်းလို့ နိုင်ငံတကာ အင်အားကြီးနိုင်ငံတွေဆီက ရထားတယ် လို့လည်း သူက မှတ်ချက်ပေး ပြောဆိုပါတယ်။

ဒီလိုလက်နက်မျိုးတွေကို အလက်ပိုနဲ့ ဂူတာအရှေ့ပိုင်းမှာ တွေ့ဖူးပါတယ်။ ဒီအတွက် ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အနောက်ဥရောပ နိုင်ငံတွေက စစ်သွေးကြွတွေကို ထောက်ပံ့နေတယ်လို့ ဆီးရီးယားအစိုးရက အရင်က စွပ်စွဲရှုတ်ချခဲ့ဖူးပါတယ်။

DVB