ကုန်သွယ်ရေးစစ်ပွဲအတွက် ထရမ့်အား မာကဲလ်က သတိပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီးယူမှ မော်တော်ကားများတင်သွင်းမှုကို သွင်းကုန်ခွန် ကောက်ယူမည်ဟု ခြိမ်းခြောက်ပြီးနောက် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားလာနိုင်မှုအတွက် ဇူလိုင်၎ ရက်တွင် သတိပေးလိုက်သည်။

သံမဏိနှင့် အလူမီနီယံတင်သွင်းမှုတွင် သွင်းကုန်ခွန်ချမှတ်မည်ဟု ထရမ့်က ဆုံးဖြတ်ပြီးချိန်မှစကာ ကုန်သွယ်ရေး အကျပ်အတည်း ဆိုက်ရောက်နေကြောင်း မာကဲလ်က ပါလီမန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

‘’ အမှန်တကယ်ထွက်ပေါ်လာနိုင်တဲ့ ကုန်သွယ်ရေးစစ်ပွဲက ပဋိပက္ခတွေ ရှောင်ရှားနိုင်ရေး နှစ်ဦးနှစ်ဖက်စလုံးက လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်’’ ဟု မာကဲလ်က ပြောသည်။

ကုန်သွယ်ရေးတွင် အီးယူသည်လည်း တရုတ်ကဲ့သို့ပင် မမျှတဟု ထရမ့်ကပြောကာ အီးယူမှ မော်တော် ကားတင်သွင်းမှုအား ၂၀ ရာခိုင်နှုန်းကောက်ယူရန် ဇူလိုင် ၁ရက်က ပြောခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ အမေရိကန်၏ သွင်းကုန်ခွန် ကောက်ယူမှုအား လက်တုံ့ပြန်သည့်အနေဖြင့် ၀ီစကီ၊ ဂျင်းနှင့် ဟာလီဒေးဗစ်ဆင် မော်တော်ဆိုင်ကယ်များ အပါအ၀င် အမေရိကန်၏ နာမည်ကြီး ထုတ်ကုန်များကို အီးယူက သွင်းကုန်ခွန် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။

-Ref; AFP