ဘုတ်ပြင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကရသူရိမြို့တွင် ပါတီဆိုင်းဘုတ်တင်

 

ဘုတ်ပြင်း ဇူလိုင် ၃

ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ အမှတ်(၃)ရပ်ကွက်တွင် ယနေ့နံနက် ၉နာရီခွဲက ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပခဲ့ပြီး ပါတီဝင်တွေ့ဆုံပွဲ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်အတွင်းရေးမှူး ဦးသူရဝင်းတင်နှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ ကာ ပါတီဆိုင်းဘုတ်တင်ကြပြီးနောက် ပါတီဝင်များတွေ့ဆုံပွဲ ဆက်လက်ကျင်းပခဲ့ခြင်းဖြစ်သည်။ ပါတီဝင်တွေ့ဆုံပွဲသို့ စုစုပေါင်းအင်အား ၄ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြတ်ထွဋ်(ဘုတ်ပြင်း)