ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ ကဆုန်ညောင်ရေသွန်း

ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ မြို့ဦးစေတီတော်တွင် ကဆုန်လပြည့်နေ့ (မေလ ၂၁ ရက် ) ညနေ ၄ နာရီအချိန်က ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ မြို့ဦးစေတီတော် အာရုံခံတန်ဆောင်း၌ စုပေါင်းဘုရားရှိခိုးကြပြီးနောက် မေတ္တသုတ် ပရိတ်တော်များ ရွတ်ဆိုကာ စေတီတော်မြတ်ကြီးအား လက်ယာရစ် ပူဇော်ခဲ့ကြသည်။ ထို့နောက် မဟာဗောဓိပင်အား ကဆုန် ညောင်ရေသွန်းလောင်းခဲ့ကြပြီး မြို့ဦးစေတီတော်ကြီး ဘက်စုံမွမ်းမံရန် စုပေါင်းအလှူတော်ငွေကျပ် ၆၃ဝဝဝ ကို ဘုရား ဂေါပကအဖွဲ့ တာဝန်ရှိသူများအား လှူဒါန်းခဲ့ကြသည်။

အဆိုပါ ကဆုန်ညောင်ရေသွန်းလောင်းပွဲအခမ်းအနားကို ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဒေါ်ဇာခြည်လင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးခင်မောင်ဇော်၊ မြို့နယ်ပါတီကော် မတီဝင် ဦးမင်းဇော်ဦး၊ ဒေါ်ဝင်းဝင်းအောင် နှင့် ရပ်ကွက်များမှ စည်းရုံးရေးမှူး၊ အမှုဆောင်များနှင့် ပါတီဝင်များ စုစုပေါင်း အင်အား (၅၄) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကြည်ပြာ


Leave a Reply