မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ လပါတ်ပုံမှန်အစည်းအဝေးပြုလုပ်

 

၂၀၁၈ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးကို ပြည်ခိုင်ဖြိးပါတီရုံးခန်းမ၌ ကျင်းပခဲ့ပါသည်။ ယင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင်၊ တိုင်းကော်မတီဝင်၊ မုံရွာခရိုင်တာဝန်ခံ ဒေါက်တာ ၀င်းမြင့်အောင်၊ တိုင်းကော်မတီ ခရိုင်တာဝန်ခံ (တွဲဘက်) ဒေါ်ညွန့်ညွန့်ဌေး၊ ခရိုင်ပါတီဥက္က ဦးအောင်တိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ (၁၁) ဦး တက်ရောက်ကြပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းကော်မတီ ခရိုင်တာဝန်ခံမှ အရောင်ပြောင်း စီမံချက်၊ အမျိုးသားရေးလှုပ်ရှားမှု ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက် ပိုမိုဆောင်ရွက်ကြရန်နှင့် တက်ရောက်လာသော ခရိုင် (EC) များမှ တင်ပြဆွေးနွေးမှုများကို ပြန်လည်ဆွေးနွေးရှင်းပြပေးခဲ့ပါသည်။