တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကော့မှူးမြို့နယ်တွင် သင်ထောက်ကူပစ္စည်းများလှူဒါန်း

 

ရန်ကုန် ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ရန်ကုန်တိုင်းပြည်ခိုင် ဖြိုးပါတီကော်မတီဝင် ဦးတင်ဝင်း၊ ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်ဟိန်းနှင့် မြို့နယ် ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတို့တွင် ကော့မှူးမြို့နယ် သမင်ခြံကျေးရွာရှိ အထက်တန်းကျောင်းခွဲမှ ကျောင်း သား ကျောင်းသူ ၄၉၄ ဦး၊ဝါးသင်္ခ အလယ်ရွာအလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၃ဝ၄ ဦး ဝါးသင်္ခကျေးရွာ အထက်ရွာမှ မူလ တန်းကျောင်းသားကျောင်းသူ ၄၈ ဦးတို့အား ပညာသင်ကြားရာတွင် သင်ထောက်ကူပစ္စည်း အခက်အခဲ မရှိစေရေးအတွက် ဗလာစာအုပ် ဒါဇင်၇ဝဝနှင့်ဘောလ်ပင်ခဲတံဒါဇင် ၃၅ဝတို့ကိုသွားရောက်လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။

အဆိုပါသင်ထောက်ကူပစ္စည်း လှူဒါန်းပွဲသို့ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် တိုင်းပြည်ခိုင် ဖြိုးပါတီဝင် ဦးတင်ဝင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်ဟိန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ကျောင်း အုပ်ဆရာကြီးများ၊ကျောင်းအကျိုး တော်ဆောင်များ တက်ရောက်ကြ ပြီးတာဝန်ရှိသူများကဆရာဆရာမ များနှင့်ကျောင်းသားကျောင်းသူများ အား ဗလာစာအုပ် ဒါဇင် ၇ဝဝနှင့် ဘောလ်ပင်ခဲတံ၃၅ဝတို့ကို လှုဒါန်း ပေးခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN)