မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်အတွင်းရှိ နဘူးအိုင်အုပ်စု၊ နဘူးအိုင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပ

 

ယနေ့ (2.7.2018) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်အတွင်းရှိ နဘူးအိုင်အုပ်စု၊ နဘူးအိုင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီရပ်/ကျေးဥက္ကဌနေအိမ်တွင် နံနက် (10:30) တွင် ဆိုင်းဘုတ်တင်အခမ်းအနားကို ကျင်းပပြီး မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီပါတီကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူ၊ မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်နှင့်မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝေမျိုးဟန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီကော်မတီဝင် (၈၀) ဦး တက်ရောက်ခဲ့ပြီး နေလည် (12:15) နာရီအချိန်တွင် ညောင်ဝန်ကျေးရွာ ရပ်/ကျေးပါတီဥက္ကဌနေအိမ်တွင် ဆက်လက် ဆိုင်းဘုတ်တင်ပြီး နေ့လည် (1:45) အချိန်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။