3D printer မှထုတ်လုပ်ထားသော အစိတ်အပိုင်းများဖြင့် ဖန်တီးထားသည့် Airbus ဒရုန်း

လေယာဉ်များထုတ်လုပ်သည့် ကုမ္ပဏီ Airbus သည် 3D printer မှ ထုတ်လုပ်ထားသော အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားသည့် Thor အမည်ရ ဒရုန်းတစ်မျိုးကို လတ်တလောတွင် ပြုလုပ်နေသည့် ဘာလင် လေကြောင်းဆိုင်ရာပြပွဲ၌ မိတ်ဆက်ခဲ့သည်။

၎င်းဒရုန်း၏ လျှပ်စစ်ပိုင်းဆိုင်ရာနှင့် မသက်ဆိုင်သည့် အစိတ်အပိုင်းများအားလုံးကို ပိုလီယာမိုက်ဖြင့် ဖန်တီး ထားသည်။ ထို့ကြောင့် Thor ဒရုန်းသည် မြန်ဆန် ပေါ့ပါးပြီး အရှည် ၁၃ လက်မရှိကာ အလေးချိန်မှာမူ ၂၆ ပေါင်ရှိသည်။

ကြီးမားသော 3D printer များကြောင့် Airbus သည် အစိတ်အပိုင်းများကို ရိုးရှင်းစွာ ပြုလုပ်၍ ၁၅ လက်မအထိ ရှည်လျားသည့် အစိတ်အပိုင်းများကို လက်ဖြင့် တပ်ဆင်ခဲ့သည်။ အစိတ်အပိုင်း ၂၇၀ ရှိသော အင်ဂျင်အတွက် နည်းလမ်းသစ်ဖြင့် ထုတ်လုပ်ထားသည့် အစိတ်အပိုင်း ၃ ခုသာ လိုအပ်တော့ကြောင်း Airbus က AFP ထံသို့ ပြောကြားခဲ့သည်။

Thor ဒရုန်းသည် ဈေးကွက်ဝင်ထုတ်ကုန်ထက် နည်းပညာ စမ်းသပ်မှုပြုလုပ်နိုင်မည့် ထုတ်ကုန်တစ်မျိုးသာ ဖြစ်သည်။

3D printer နှင့် လေယာဉ်တစ်စီးလုံးတည်ဆောက်ခြင်းဖြင့် စွန့်ပစ်ပစ္စည်းများနှင့် လောင်စာသုံးစွဲမှုကို လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို အထောက်အပံ့ ပေးနိုင်သည်။ ထို့အပြင် လေယာဉ်တစ်စီး၏ ထုတ်လုပ်မှုစရိတ်ကို လျှော့ချနိုင်မည်ဖြစ်သည်။

Airbus အနေဖြင့် 3D printer မှ ထုတ်လုပ်သော အစိတ်အပိုင်းများဖြင့် ၂၀၂၀ တွင် ပြုလုပ်မည့် Ariane 6 ဒုံးပျံကို တည်ဆောက်ရန် ရည်မှန်းထားကြောင်း သိရသည်။

Internet Journal


Leave a Reply