တောင်ဥက္ကလာပမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီအလံအသစ်လဲလှယ်ခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပ

 

ရန်ကုန် ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပါတီအလံအသစ်လဲလှယ်ခြင်းနှင့် နိုင်ငံရေးဆွေး နွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာပါတီအလံသစ်ကိုလဲလှယ်လွှင့်တင်ခဲ့ကာ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုပြီး အခမ်း အနားအားဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ဦးအောင်ကြည် ညွန့်က ရခိုင်ပြည်နယ်အရေးနှင့်ဆိုင်သော အကြောင်းအရာများကိုလည်းကောင်း၊ စာရေးဆရာ အဏ္ဏဝါစိုးမိုးက ရခိုင်ပြည်နယ်အကြောင်း အတွေ့အကြုံများကိုလည်းကောင်း၊ စာရေးဆရာ ဦးပြည့်ဖြိုးနိုင်က အစွန်းရောက်အစ္စလာမ္မစ်ဝါဒ၊ ရွှေ့ပြောင်းအခြေချသူများအရေး၊ အမျိုးသားလုံခြုံ ရေးနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအား အစ္စလာမ္မစ်နိုင်ငံထူထောင်ရန်ကြိုးပမ်းမှုများကိုလည်းကောင်း ဟောပြောခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့်သူများက သိရှိလိုသည်များကို မေးမြန်း ခဲ့ရာ ဦးပြည့်ဖြိုးနိုင်က ပြန်လည်ဖြေကြားခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင်ဒေါ်အေးအေးမြင့်၊ ရန်ကုန်အရှေ့ပိုင်း ငါးခရိုင်ကော်မတီဝင်ဒေါ်လဲ့လဲ့အေး၊ ဦးမျိုးဝင်းကျော် နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၁၃ ခုမှ ပါတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ မြို့နယ်နှင့်ရပ်ကွက် အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှအဖွဲ့ဝင်များအပါအဝင် စာပေချစ်မြတ်နိုးသူ စုစုပေါင်းအင်အား ၈ဝ ခန့်တက်ရောက်ခဲ့ကြကာ အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် ပြီးမြောက် ခဲ့ကြောင်း သိရသည်။

ကိုထက်