မြောက်ဦးခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးရုံးများရှိ ပါတီအောင်လံသစ်လွှင့်တင်ခြင်းအခမ်းအနားကျင်းပ

 

၂၇.၆.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီအချိန် မြောက်ဦးခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးရုံးများတွင် ပါတီအောင်လံတော် အသစ်လွှင့်တင်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ကြပါသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပါတီဥက္ကဌ ဦးလှသာထွန်းနှင့် မြို့နယ်ပါတီဥက္ကဌ ဦးမောင်လှဝေနှင့် ခရိုင်မြို့နယ် ပါတီကော်မတီများ၊ ရုံးဝန်ထမ်းအဖွဲ့များ တက်တက်ကြွကြွ ပါဝင်ဆင်နွဲခဲ့ကြပါသည်။