စစ်ကိုင်းတိုင်းဒေသကြီး | ယင်းမာပင်ခရိုင် |ယင်းမာပင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးသို့ ပြည်သူ(၆၈၀)ဦး ပါတီထဲဝင်ရောက်၍ ပါတီဝင်အဆိုပြုလွှာ​ပေးအပ်

 

ယင်းမာပင်​။ ဇွန်​ ၂၄။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ယင်းမာပင်​ခရိုင်​၊ ​ယင်းမာပင်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပါတီဝင်(၆၈၀)ဦးအား၊​ အဆိုပြုလွှာစု​ပေါင်း ​ပေးအပ်​ပွဲကို ယ​နေ့(ဇွန်​လ ၂၄)ရက်​က ပညာဇွဲမာန်​ခန်းမ၌ပြုလုပ်​​ခဲ့ရာ၊ယင်းမာပင်​မြို့နယ်​၊ကျေးရွာအုပ်​စု( ၄၆ )အုပ်​စုရှိ ​ကျေးရွာ​ပေါင်း ( ၁၆၂)ရွာနှင့်​ ရပ်​ကွက်​(၂)ရပ်​ကွက်​ရှိ ၊ ပါတီဝင်​အဆိုပြုလွှာစုစု​ပေါင်း (၆၈၀ ) ဦးကို စု​ပေါင်း
အဆိုပြုလွာ​ပေးအပ်​လျက်​ ၊ပါတီဝင်​သစ်​များကို လှိုက်လှဲစွာကြိုဆို၍ တိုင်းပါတီ​ဥက္ကဌဒေါက်​တာမြင့်​သိန်း၊ တိုင်းပါတီအတွင်း​ရေးမှူး ဦး​အောင်​​ဇော်​ဦး ​၊ တိုင်း​ပါတီ​ကော်​မတီဝင် ​ဒေါ်ယဉ်​မာဝင်း၊ တိုင်းအရံပါတီကော်မတီဝင်​ဒေါ်ကြူမိုးသန့်​ တို့ကပါတီဝင်​ရင်​ထိုးတံဆိပ်​များတပ်​ဆင်​​ပေးခဲ့ပါသည်​။

အခမ်းအနားတွင်​ နိုင်​ငံ​တော်​အလံအား အ​လေးပြုကြပြီး၊ တိုင်းပါတီဥက္ကဌ​ဒေါက်​တာမြင့်​သိန်းက ကြိုဆိုနှုတ်​ခွန်းဆက်​စကား​ပြောကြား၍ ယ​နေ့တိုင်းပြည်​၏ လတ်​တ​လောဖြစ်​ပျက်​လျက်​ရှိသည့်​တိုင်းပြည်​အ​ခြေအ​နေများ၊ နိုင်​ငံတကာဖိအား​ပေး​နေမှုများ၊ ရခိုင်​အ​ရေးကိစ္စများစသည့်​အ​ကြောင်းအရာများအားရှင်းလင်း​ပြော
ကြားခဲ့ပါသည်​။

ယင်းအခမ်းအနားသို့၊ ယင်းမာပင်​ခရိုင်​ပါတီ ဥက္ကဋ္ဌဦး​​သောင်းဟန်​ ၊ ခရိုင်​ပါတီ​ကော်​မတီဝင်​များ ၊ယင်းမာပင်​မြို့နယ်​ပါတီ ဥက္ကဋ္ဌဦး​ကျော်​မြင့်​သိန်း​၊ မြို့နယ်​ပါတီဝင်​များ ၊ ရပ်​​ကျေးပါတီဥက္ကဋ္ဌများ၊ပါတီဝင်​ ​အသစ်​များစု​ပေါင်း(၇၀၀)ကျော်​ခန့်​ ၊တက်​​ရောက်​ကြပြီး၊အခမ်းအနားကို​နံနက်​(၁၀)နာရီအချိန်​ “ဇာတိမာန်​”သီချင်းသံပြိုင်​သီဆို၍​ အောင်​မြင်​စွာရုတ်​သိမ်းခဲ့​ပါသည်။