ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ

 

ရန်ကုန် ဇွန် ၂၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့ Yunan Normal University တွင် ယနေ့မှ ယခုလ ၂၈ ရက်အထိ ကျင်းပမည့် ‘Community Summit’ ဆွေးနွေးပွဲတက်ရောက်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ဌာနခွဲမှူး ဦးတင်ထူးခေါင်းဆောင် သည့် အဖွဲ့ဝင် ၁ဝဦးပါ ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် တရုတ်လေ ကြောင်း ခရီးစဉ် CA415 နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှကူမင်းမြို့သို့ ထွက်ခွာသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်၊နိုင်ငံတကာလေ့လာ ရေး၊ပြည်တွင်း/ပြည်ပဆက်ဆံရေး အကြံပေးဦးဆွေဝင်း၊ ရန်ကုန်ဌာန ချုပ် ဒုဌာနမှူးဦးအောင်ဆွေနှင့် တာဝန်ရှိသူများက လေဆိပ်သို့ ပို့ ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိ ရသည်။

မိုးဇော်သူ