အင်္ဂလန်ပြုတ်မယ့်အဆင့်ကို ဟောကိန်းထုတ်ခဲ့တဲ့ မော်ရင်ဟို

လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုပ်သံတင်ဆက်သူအဖြစ်ဆောင်ရွက်မယ့် မန်ယူအသင်းနည်းပြမော်ရင်ဟိုက အင်္ဂလန်အသင်းကို ကွာတားဖိုင်နယ်မှာ ဘရာဇီးအသင်းကဖြုတ်ချလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ မော်ရင်ဟိုက ရှုံးထွက်အဆင့်ကနေ ဆီမီးဖိုင်နယ်အထိကို ဘယ်အသင်းတွေတက်ရောက်မယ်ဆိုတာကို ကြိုတင် ခန့်မှန်းခဲ့တာဖြစ်ပြီး အဲဒီမှာ သူက အင်္ဂလန်ဟာ 16 သင်းအဆင့်မှာ ပိုလန်ကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပေမယ့် ကွာတားဖိုင်နယ်ရောက်ရင်တော့ ဘရာဇီးနဲ့ တွေ့ဆုံကာ ရှုံးနိမ့်သွားလိမ့်မယ်လို့ ခန့်မှန်းခဲ့တာပါ။

ဒါ့အပြင် မော်ရင်ဟိုက အင်္ဂလန်နဲ့ ဘရာဇီးတို့ဆုံတွေ့တာက ပွဲကြီးပွဲကောင်းဖြစ်ပြီး အင်္ဂလန်ပြုတ်သွားရင် သူ့ကစားသမားတွေ အားလပ်ရက်ရမှာဖြစ်လို့ သူ့အတွက်တော့ မဆိုးဘူးပဲလို့ နောက်ပြောင်သွားခဲ့ပါသေးတယ်။ တခြားကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ မော်ရင်ဟိုက ပေါ်တူဂီ-ပြင်သစ်၊ စပိန်-အာဂျင်တီးနား၊ ဂျာမနီ-ဘယ်လ်ဂျီယံ တို့တွေ့ဆုံမယ်လို့ ခန့်မှန်းခဲ့ပြီး ဆီမီးဖိုင်နယ်မှာတော့ ပေါ်တူဂီ-ဘရာဇီး၊ အာဂျင်တီးနား-ဂျာမနီတို့ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ မော်ရင်ဟိုရဲ့ခန့်မှန်းမှုထဲမှာ ဗိုလ်လုပွဲအထိတော့ မပါဝင်ခဲ့ပါဘူး။

-Ref; Sky sports