အောင်လအန်ဆန်နှင့် MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့် ပြိုင်ဘက်ထွက်ပေါ်

MMA ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန် ဆန်နှင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့်  ပြိုင်ဘက်ကို One Championship က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ပြိုင်ဘက်သည် လက်ဘနွန် နိုင်ငံသား MMA ကစားသမား မို ဟာမက်ကရာကီဖြစ်ပြီး ၎င်းသည် MMA သက်တမ်း တစ်လျှောက် ကိုးပွဲထိုးသတ်ကာ ကိုးပွဲစလုံး အနိုင်ရရှိထားသည်။ အသက် (၂၇) နှစ်အရွယ်ရှိ ကရာကီသည် ဧပြီ ၅ ရက်က နောက်ဆုံးယှဉ်ပြိုင်သည့် MMA ပြိုင်ပွဲတွင် ပြင်သစ်နိုင်ငံသား ဒက်ဟက်ဆီကို ပထမအချီအတွင်း အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

 မိုဟာမက်ကရာကီသည် ၂၀၁၂ ကစတင်ကာ Desert Forceနှင့် Phoenix Fighting Cham-pionship ပြိုင်ပွဲများ ထိုးသတ် ခဲ့ပြီး Desert Force ၏ ချန်ပီယံ လည်းဖြစ်သည်။

ကရာကီသည် One Cham-pionship MMA တွင် ပထမဆုံးအကြိမ် ဝင်ရောက်ထိုးသတ်ခြင်းဖြစ်ပြီး ချန်ပီယံ ကာကွယ်ပွဲ ထိုးသတ်ရန် စက်တင်ဘာ ၇ ရက်က တရားဝင်စာချုပ် ချုပ်ဆိုခဲ့သည်။

 ယင်းချန်ပီယံကာကွယ်ပွဲ (Pursuit of Greatness) ကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသား အားကစားရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။